Connect with us

Videos

ကျောင်းသားများ ပညာသင်ကြားရေးတွင် အဆင်ပြေစွာသွားလာနိုင်ရန် စက်ဘီး ၁ သိန်းထိ လှူဒါန်းမည်

ရန်ကုန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

Lesswalk (လမ်းလျော့လျှောက်) အဖွဲ့ သည် တိုင်းဒေသကြီး နှင့် ပြည်နယ် တစ်ချို့ရှိ သွားလာရေး အခက်အခဲ ရှိသည့် စာသင်ကျောင်းများသို့စက်ဘီးများ သွားရောက် ပို့ဆောင် လှူဒါန်းမှုများ ပြုလုပ်လျှက် ရှိနေပြီး ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် အတွင်းရှိ စာသင်ကျောင်းများသို့စက်ဘီး လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံ နေရာ အနှံ့ရှိ စာသင်ကျောင်းများတွင် ဝေးလံသည့် နေရာများမှ လာရောက် ပညာ သင်ကြားနေသည့် ကျောင်းသား/သူများ သွားလာရေး အဆင် ပြေစေရန် Lesswalk အဖွဲ့မှ နှစ်နှစ် အတွင်း စက်ဘီး အစီးရေ ၁ သိန်းထိ လှူဒါန်းရန် ရည်မှန်း ထားကြောင်း Lesswalk တည်ထောင်သူ က ဆင်ဟွာကိုပြောကြားခဲ့သည်။

၎င်းကစာသင်ကျောင်း နှင့် ဝေးလံသည့် နေရာမှ လမ်းလျှောက် ပညာသင်ကြားနေရသည့် ကျောင်းသား/သူများ၏ အခက်အခဲများအား တွေ့မြင်ရပြီးနောက် ယခုကဲ့သို့လှူဒါန်းရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Lesswalk အဖွဲ့အနေဖြင့် ကျောင်းသား/သူများ အတွက် စက်ဘီး လှူဒါန်းမှုအား ဇွန်လမှ စတင်ခဲ့ပြီး စက်ဘီးများကို နေအိမ်နှင့် စာသင် ကျောင်း ဝေးသည့် နေရာမှ လာရောက် ပညာသင်ကြားရသည့် ကျောင်းသား/သူများ ၊ အမှန်တကယ် လိုအပ် သည့် ကျောင်းသား/သူများကို ဦးစားပေး လှူဒါန်းခဲ့ကြောင်း၊ အဆိုပါ စက်ဘီးများကို ပြည်ပ နိုင်ငံများရှိ စက်ဘီးကုမ္ပဏီများမှ ဝယ်ယူခဲ့ပြီး ယခုအချိန်တွင် စက်ဘီး အစီးရေ ၁၇,၀၀၀ ခန့်ဝယ်ယူ လှူဒါန်းမှုများ ပြုလုပ်နေပြီး ဆက်တိုက် ဝယ်ယူမှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.