Connect with us

Videos

ကြာချိန် ၁ဝ စက္ကန့်အတွင်းငွေပေးချေနိုင်မည့်စနစ်ကို တရုတ်ဆေးရုံတစ်ရုံတွင်စမ်းသပ်

ကျန်းရှီ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းရှီ ပြည်နယ် ရှိ နန်ချန်းပြည်သူ့ဆေးရုံတွင် လာရောက်ဆေးကုသမှု ခံယူသူများအဆင်ပြေစွာ ငွေပေးချေနိုင်စေမည့်စနစ်သစ်တစ်ခုကို မိတ်ဆက်ခဲ့သည်။ ၎င်းမှာ နံမည်ကျော် ငွေပေးချေ ဝန်ဆောင်မှု ဖြစ်သည့် Ali pay နှင့် ချိတ်ဆက်ကာ မျက်နှာမှတ်နည်းပညာမှ တစ်ဆင့် ဆေးကုသမှုခံယူသူများ ကိုယ်တိုင်ငွေပေးချေစေခြင်းဖြစ်သည်။ အဆိုပါ စနစ်ကို အသုံးပြုနိုင်ရန် စက်အလုံးရေပေါင်း ၄၁ လုံးကို တပ်ဆင်ပေးထားပြီး အသုံးပြုနည်းလမ်းမှာလည်း လွယ်ကူချောမွေ့သည်။ အသုံးပြုမည့်သူက ထိုစက်တွင် မျက်နှာမှတ်စနစ်အတွက် scan ဖတ်ပြီးနောက် Alipay နှင့် ချိတ်ဆက်ထားသည့် ဖုန်းနံပါတ်ကို ထည့်သွင်းရုံဖြင့် ငွေပေးချေခြင်းလုပ်ငန်းပြီးမြောက်မည်ဖြစ်သည်။ 3D နည်းပညာဖြင့်ပံ့ပိုးထားသောကြောင့်တိကျသေချာမှု ရှိစေမည့် အပြင် ကြာချိန် ၁ဝ စက္ကန့်အတွင်း လွယ်ကူလျှင်မြန်စွာပင် ငွေပေးချေနိုင်သောကြောင့် ပိုမိုအဆင်ပြေ နိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.