Connect with us

Videos

ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများအတွက်တရုတ်နိုင်ငံက မိုးလေဝသစောင့်ကြည့်လေ့လာရေးဂြိုဟ်တုလွှတ်တင်

စီချွမ်၊ ဇွန် ၆ ရက်(ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးတွင်ပါဝင်သည့်နိုင်ငံများအတွက်တရုတ်နိုင်ငံက မိုးလေဝသ စောင့်ကြည့်လေ့လာရေးဂြိုဟ်တု Fengyun-2H ကို ဇွန်လ ၅ ရက်နေ့ က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီချမ်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံနှင့် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုနှင့်သက်ဆိုင်သည့်နိုငင်ံများ၊ အိန္ဒိယသမုဒ္ဒရာနှင့် အာဖရိကတိုက်နိုင်ငံအများစု၏ ရာသီဥတုအခြေအနေများကိုအဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်စောင့်ကြည့် သွားမည်ဟုသိရသည်။

မိုးလေဝသကို တိကျစွာခန့်မှန်းနိုင်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုများကိုကိုင်တွယ်ဖြေရှင်းနိုင်ရန် ၊ သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ပွားသည့် ပျက်စီးဆုံးရှုံးမှုများကိုအတတ်နိုင်ဆုံးလျှော့ချရန်ထိုသို့လွှတ်တင်ရခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.