Videos
ဂျာမနီ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီက တရုတ်နိုင်ငံတွင် လျှပ်စစ် မော်တော်ယာဉ် ဈေးကွက်ဖော်ဆောင်
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
ဗောက်စ်ဝက်ဂွန် ကုမ္ပဏီ၏ SAIC Volkswagen’s new energy vehicle (NEV) စက်ရုံ တွင် လျှပ်စစ်မော်တော်ယာဉ် SUV ယာဉ် အလတ်စားတစ်မျိုး အား ရှန်ဟိုင်းမြို့ရှိ စက်ရုံ ၌ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်လုပ်ခဲ့ကြောင်းသိရသည်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၁၇ ဘီလီယံယွမ် ရှိသည့် ၎င်း စက်ရုံအသစ်တွင် နှစ်စဉ် မော်တော်ယာဉ် အစင်းရေပေါင်း ၃၀၀,၀၀၀ စင်းကို ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားသည်။
ဗောက်စ်ဝက်ဂွန် လုပ်ငန်းစု၏ ပထမဆုံးစက်ရုံအသစ်သည် လက်ရှိတွင်တရုတ်နိုင်ငံ ၌ အကြီးဆုံးနှင့်လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတစ်ခု အဖြစ် သတ်မှတ်နိုင်မည်ဟုသိရသည်။
စက်ရုံတွင် လုပ်သားပေါင်း ၁၄၀၀ ကျော်နှင့် လည်ပတ်နေကြောင်းသိရသည်။
SAIC ၏ စွမ်းအင်သစ် မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံး မော်တော်ယာဉ်အသစ် ကို အလုံးစုံ ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)