Videos
ဂျာမန် တိရစ္ဆာန်ရုံ၌ တရုတ် ပန်ဒါ ဝက်ဝံ သားပေါက် နှစ်ကောင် ပထမဆုံး အကြိမ် မွေးဖွား

ဘာလင် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)
ဂျာမနီ နိုင်ငံ မြို့တော် ဘာလင်မြို့ရှိ တိရစ္ဆာန်ရုံ တစ်ရုံ၌ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တရုတ် ပန်ဒါ ဝက်ဝံ သားပေါက် နှစ်ကောင်ကို ပထမဆုံး အကြိမ် မွေးဖွားခဲ့ကြောင်း Tierpark Berlin တိရစ္ဆာန်ရုံ၏ တရားဝင် တွစ်တာ စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
“တရုတ် ပန်ဒါ ဝက်ဝံမကြီး Meng Meng ဟာ သားပေါက် နှစ်ကောင် ရှိတဲ့ မိခင် ပန်ဒါ ဝက်ဝံမကြီး တစ်ကောင် ဖြစ်လာပါတယ်။ ကျွန်တော်တို့အရမ်း ပျော်ရွှင်ပါတယ်။ ပြောစရာ စကားလုံးတောင် မရှိတော့ပါဘူး။”ဟု Tierpark Berlin တိရစ္ဆာန်ရုံက ၎င်းတို့၏ တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။(Xinhua)
Continue Reading