Connect with us

Videos

ဆင်ဟွာသတင်းဌာနမှတာဝန်ယူ ဆောင်ရွက်သည့် “ခေတ်သစ်ပိုးလမ်းမကြီး” (၅) နှစ်ပြည့် ဓာတ်ပုံ ပြပွဲကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်းဌာန မှ တာဝန်ယူ ဆောင်ရွက် သည့် “ခေတ်သစ်ပိုးလမ်းမကြီး” တည်ဆောက်ခြင်း (၅) နှစ်ပြည့် လမ်းကြောင်းတစ်လျှောက် ပြည်သူလူထုအကြား စိတ်နှလုံးချင်း ချိတ်ဆက်မှု ဓာတ်ပုံပြပွဲ ကို နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ စတင် ဖွင့်လှစ်ပေးခဲ့သည်။

ဓာတ်ပုံပြပွဲအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် ၊ ပြန်ကြားရေးဝန်ကြီးဌာန ၊ ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းနိုင် ၊ China New Rural Digital Film Screening Co.,ltd အထွေထွေ မန်နေဂျာ မစ္စတာ လီကျန့်ကျွင်း (Mr.Li Jianjun) ၊ ရန်ကုန်မြို့ အမျိုးသား ပြတိုက် ညွှန်ကြားရေးမှူး ဒေါ် နန်းလောဝ်ငင်း ၊ ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ် ဌာနမှူး ပါမောက္ခ ဒေါ်ခိုင်ဝါ ၊ တရုတ် ယဉ်ကျေးမှု စင်တာ တာဝန်ခံ Ms.Shi Ying (ဒေါ်ယဉ်ယဉ်မေ) ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း (Mr.Luo Jun) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အသင်း ဥက္ကဋ္ဌ ဦးသစ္စာ တို့ က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနား တွင် တရုတ် ယဉ်ကျေးမှု စင်တာ တာဝန်ခံ Ms.Shi Ying (ဒေါ်ယဉ်ယဉ်မေ) က အဖွင့်နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး နှင့် နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ အား အတူတကွ တည်ဆောက်ရန် အတွက် သဘောတူညီမှု ရရှိထားပြီး ရန်ကုန်မြို့ ၌ ခေတ်သစ်ပိုးလမ်းမကြီး (၅) နှစ်ပြည့် ဓာတ်ပုံပြပွဲ ကျင်းပ ခြင်း က လမ်းကြောင်း တစ်လျှောက် နိုင်ငံ များ အကြား ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ လမ်းကြောင်းတစ်လျှောက် နိုင်ငံ များတွင် ဓာတ်ပုံပြပွဲများ ၊ ဆွေးနွေးပွဲ များ ၊ ရုပ်ရှင်ပြပွဲများ စသည့် ကဏ္ဍ အသီးသီး ဖလှယ်မှုများ ဆောင်ရွက်ခြင်း သည် တရုတ် နိုင်ငံ နှင့် လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံ အသီးသီး မှ ပြည်သူလူထု အကြား နှလုံးသားချင်း ချိတ်ဆက်မှု ကို ပိုမိုနီးကပ် စေမည် ဖြစ်ပြီး အပြန်အလှန် လေးစားမှု ၊ တန်ဖိုးထားမှု နှင့် နားလည်မှု တို့ကို တိုးပွားစေနိုင်မည် ဖြစ်ကြောင်း ၊ ယခု ပြပွဲ မှ တစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု နှင့် ချစ်ကြည်ရေး အား ပိုမိုနက်ရှိုင်းစေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ ပြုလုပ်သည့် “ခေတ်သစ်ပိုးလမ်းမကြီး” တည်ဆောက်ခြင်း (၅) နှစ်ပြည့် လမ်းကြောင်းတစ်လျှောက် ပြည်သူလူထုအကြား စိတ်နှလုံးချင်း ချိတ်ဆက်မှု ဓာတ်ပုံပြပွဲ အား တရုတ် နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှင့် တရုတ် ယဉ်ကျေးမှု စင်တာ တို့မှ ကြီးမှူး ကျင်းပ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး ဆင်ဟွာ သတင်းဌာန တရုတ် ဓာတ်ပုံလုပ်ငန်း မှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ပြပွဲတွင် ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံများ ၏ ယဉ်ကျေးမှု ၊ အနုပညာ နှင့် ပူးပေါင်းဆောင်ရွက်မှု ကို ထင်ဟပ်စေသည့် ဓာတ်ပုံ ကားချပ်ပေါင်း ၆၄ ချပ် အား တရုတ် ၊ အင်္ဂလိပ် နှင့် မြန်မာ ဘာသာစကား သုံးမျိုးဖြင့် ရှင်းလင်းပြသထားကြောင်း ၊ ဓာတ်ပုံပြပွဲ တွင် တရုတ် နိုင်ငံ ၏ အထင်ကရ နေရာများနှင့် သဘာဝ အလှ များကို ဖော်ပြသည့် ဓာတ်ပုံကားချပ် များလည်း ပါဝင်ပြီး နိုဝင်ဘာ ၂၈ ရက် မှ စတင်၍ ဒီဇင်ဘာ ၁၆ ရက် အထိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ပြည်သူလူထု တို့အား အခမဲ့ ပြသပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.