Connect with us

Videos

ဆောင်းရာသီအိုလံပစ်ပွဲတော်ကို အားပေးချီးမြှင့်ရန်အတွက် စူပါမှန်များဖြင့် တည်ဆောက်ထားသည့် ဓာတ်အားပေးစက်ရုံက အိုလံပစ်ကွင်းအဝိုင်းပုံစံများကို ပုံဖော်ပြသ

လန်ကျိုး ၊ ဖေဖော်ဝါရီ (၆) ရက် (ဆင်ဟွာ)

ရင်သပ်ရှုမောဖွယ်ကောင်းသည် ! တရုတ်နိင်ငံ၊ ကန်းစုပြည်နယ်တွင် မှန်ချပ်ပေါင်း ၁၂,၀၀၀ဖြင့် တည်ဆောက်ခဲ့သည့် ဓာတ်အားပေးစက်ရုံတစ်ခုက တရုတ်နိုင်ငံအိမ်ရှင်အဖြစ် ကျင်းပသည့် ဆောင်းရာသီအားကစားပြိုင်ပွဲအား အားပေးထောက်ခံမှုကို ပြသသည့်အနေဖြင့် အိုလံပစ်ကွင်းအဝိုင်းများကို ပုံဖော်ပြသခဲ့သည်။

တရုတ်နိုင်ငံ၊ ကန်းစုပြည်နယ်ရှိ အထူးမှန်များဖြင့် တည်ဆောက်ထားသော ဓာတ်အားပေးစက်ရုံက တရုတ်နိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပသည့် ဆောင်းရာသီအားကစားပြိုင်ပွဲအား အားပေးထောက်ခံမှုကို ပြသသည့်အနေဖြင့် အိုလံပစ်ကွင်းအဝိုင်းများကို ပုံဖော်ပြသခဲ့သည်။

“အစိမ်းရောင် အိုလံပစ်ပွဲတော် “ဟူသည့် စာလုံးနှင့် “ပျော်ရွှင်စရာ လနှစ်သစ်ကူးပွဲတော် “ဟူသည့် စာလုံးများကို တရုတ်စာလုံးများဖြင့် ပုံဖော်ပြသရန်အတွက် မှန်များကို လိုသလို ချိန်ညှိကာ ပြသခဲ့သည်။

ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို သောကြာနေ့က စတင်ကျင်းပခဲ့သည်။အိုလံပစ်ပွဲတော်သည် တရုတ်နှစ်သစ်ကူးပွဲတော်နှင့်လည်း တိုက်ဆိုင်နေသည်။

မီဂါဝပ် ၁၀၀ အားရှိသည့် ဓာတ်အားပေးစက်ရုံသည် ဆိုလာတာဝါတိုင်ထိပ်မှနေ၍ နေရောင်ခြည်စွမ်းအားကို လက်ခံစုစည်းပေးသည့် မှန်ချပ်ပေါင်း ၁၂,၀၀၀ကို အသုံးပြုပြီး လည်ပတ်ခြင်းဖြစ်သည်။

၎င်းစက်ရုံကို နှစ်စဉ် စွမ်းအင် သန်း ၃၉၀ kWh ထုတ်လုပ်နိုင်ရန် ဒီဇိုင်းထွင် တည်ဆောက်ထားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို တစ်နှစ်လျှင် မတ်ထရစ်တန် ၃၅၀,၀၀၀ လျှော့ချပေးနိုင်သည်။(Xinhua)

……………………………..

English
GLOBALink | Stunning! “Super mirror” power plant forms Olympic rings to support Winter Olympics
Stunning! A power plant made up of 12,000 mirrors in Gansu, China forms giant Olympic rings to support China’s hosting of the Winter Games. #GLOBALink

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.