Videos
ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများကျင်းပပြုလုပ်မည့်ဒေသတွင်မြန်နှုန်းမြင့်ရထား အလိုအလျောက် ပြေးဆွဲမည်
ဟူနန်၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် တွင် တစ်နာရီလျင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်းဖြင့်မောင်းနှင် နိုင်မည့် မြန်နှုန်းမြင့်ရထားကို အလိုအလျောက်မောင်းနှင်ပြေးဆွဲတော့မည်ဖြစ်သည်။ ရထားမှာ အလိုအလျောက် မောင်းနှင် ရပ်တန့်နိုင်မည်ဖြစ်ပြီး၊တံခါးအဖွင့်အပိတ်များနှင့် ဘူတာ ဆိုက်ကပ် ရပ်နားမှုများကို အချိန်ဇယားအတိုင်းသွားလာနိုင်မည်ဖြစ်သည်။ ရထားမောင်းနှင်သူ အနေဖြင့် အရေးပေါ်အခြေအနေနှင့် ကြုံတွေ့မှသာ ဝင်ရောက်ထိန်းချုပ်နိုင်ရန် စီစဉ်ထားရှိသည်။ စမ်းသပ်မောင်းနှင်မှုကို ပေကျင်းမြို့နှင့် ရှန်းယန်မြို့သို့ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ၂ဝ၂၂ ခုနှစ် တွင် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများကျင်းပ ပြုလုပ်မည့် ပေကျင်းမြို့နှင့် ဟေပေပြည်နယ် Zhangjiakou တို့ကို ချိတ်ဆက် မောင်းနှင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)