Connect with us

Videos

“ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” ဧည့်ခံပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ်မြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို ဇွန်လ ၈ ရက်နေ့ က ရန်ကုန်မြို့ Sule Shangri-La ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ဇွန်လ ၇ ရက်နေ့ကဖြစ်ပွားခဲ့သည့် မြန်မာ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ် ပျက်ကျ ခဲ့ ခြင်းတွင် အသက်ဆုံးရှုံးသူများ နှင့် ၎င်းတို့၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်ဖြင့် ၁မိနစ်ခန့်ငြိမ်သက်ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က မိန့်ခွန်းပြောကြားရာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကို အခြေခံ၍ တရုတ်နိုင်ငံ က မြန်မာ ပြည်သူလူထုအားပိုမို ကောင်းမွန်သည့် လူနေမှု ဘဝ ရရှိစေရန် ဘက်စုံ ကဏ္ဍစုံ ကူညီထောက်ပံ့မှု များကို ဆောင်ရွက်ပေးခဲ့ကြောင်း ၊ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကို အခြေခံကာ အပြုသဘော ဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့ပြီး ငြိမ်းချမ်းတည်ငြိမ်မှု အမြန်ဆုံး ရရှိစေရန် ကို ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ က မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ကို ဆက်လက် ထောက်ခံအားပေးသွားမည် ဖြစ်ပြီး အောင်မြင်မည် ဟုလည်း ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ တွင် ကဏ္ဍစုံ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ဆက်လက်၍ နှစ်နိုင်ငံ ပြည်သူလူထု အကြား အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် တရုတ် သံရုံး မှ ထူထောင်ထားသည့် တရုတ်-မြန်မာချစ်ကြည်ရေး ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနား ကို ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ဒေသအသီးသီး မှ ကျောင်းကိုယ်စားလှယ်များ နှင့် ကျောင်းသား/သူ ကိုယ်စားလှယ် တို့အား ဆုများ ပေးအပ် ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.