Connect with us

Videos

တရုတ်စစ်သင်္ဘော မှ တပ်မတော်သား နှင့် အရာရှိများ သန်လျင်လူငယ်သင်တန်းကျောင်း သွားရောက်

ရန်ကုန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် တရုတ် နိုင်ငံ ရေတပ် အမှတ် ၂၃ ရေယာဉ်ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဝမ်းဟိုင်(Wang Hai) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီ အချိန်တွင် သန်လျင် မြို့ရှိ သန်လျင် လူငယ် သင်တန်းကျောင်းကို သွားရောက်ခဲ့ပြီး ကလေးငယ်များအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက်တွင် တရုတ် နိုင်ငံ ရေတပ် တပ်မတော်သား နှင့် အရာရှိတို့မှ သင်တန်းကျောင်းရှိ ကလေးသူငယ်များနှင့်အတူ အဆိုအကများနှင့် တရုတ် ရိုးရာ တူရိယာ များဖြင့် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြ ပြီး တရုတ် စစ်သင်္ဘောမှ ဆရာဝန်များ က ကလေးသူငယ်များကို ကျန်းမာရေး စစ်ဆေးမှု များ ဆောင်ရွက်ပေးခဲ့ကာ ဆေးဝါးများကို လက်ဆောင် ပေးအပ်ခဲ့သည်။ တရုတ်ရေတပ်မှ တပ်မတော်သားများက လည်း ဝူရှူး အားကစား ပြသဖျော်ဖြေခဲ့ပြီးနောက်အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.