Videos
တရုတ်တပ်မတော်၏ တိုက်ခိုက်ရေးယာဉ်များ နှင့် ရဲတပ်ဖွဲ့သုံးယာဉ်များကို ပထမဆုံးအကြိမ်ပြသ
ထျန်းကျင်း၊ဇူလိုင် ၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် တရုတ်တပ်မတော်မှ အသုံးပြုလျက်ရှိသည့် တိုက်ခိုက်ရေးယာဉ်များ နှင့် ရဲတပ်ဖွဲ့သုံးယာဉ်များကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့သည်။ စတုရန်းမီတာပေါင်း ၄သောင်း အကျယ်အဝန်းရှိသည့် ပြပွဲတွင် တရုတ်တပ်မတော်ပိုင် မော်တော်ယာဉ်အမျိုးအစားအစုံအလင်ပြသခဲ့သည်။ ပြပွဲသို့ လာရောက်လေ့လာကြသူများကို မော်တော်ယာဉ်များကိုပြသရုံတင်မကဘဲ အရာရှိများက အဆိုပါ မော်တော်ယာဉ်များဖြင့် တောင်စောင်းများ၊ ရေစပ်များနှင့် ဆင်ခြေလျှောများပေါ်သို့ အတက်အဆင်းပြုလုပ်မောင်းနှင်ကာ သရုပ်ပြမောင်းနှင်ခဲ့ကြောင်းသိရသည်။(Xinhua)
Continue Reading