Connect with us

Videos

တရုတ်နိုင်ငံမှ ဆရာဝန်များနှင့် ဆေးဝါးအထောက်အပံ့များ ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိ 

 

ကွမ်ရှီးကျွမ့်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ဒေသမှ ဆေးဘက်ဆိုင်ရာအထောက်အကူပြု ဆရာဝန် ၇ ဦးပါဝင်သည့်အဖွဲ့သည် COVID-19 တိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။ တရုတ်ဆရာဝန်အဖွဲ့ကို ကမ္ဘောဒီယား ကျန်းမာရေးဝန်ကြီးနှင့် တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးပါဝင်သည့် အဖွဲ့က လေဆိပ်တွင် နွေးထွေးပျူငှာစွာကြိုဆိုခဲ့ကြသည်။ တရုတ်နိုင်ငံမှ ဆေးဝါးအထောက်အကူပြုအဖွဲ့နှင့်အတူ ကမ္ဘောဒီယား နိုင်ငံအတွက် အသက်ရှူစက်များ၊ဆေးဘက်သုံး နှာခေါင်းစည်းများနှင့် COVID- 19 ရောဂါ ရှိမရှိ စစ်ဆေးသည့် ကိရိယာများ ကိုလည်းလှူဒါန်းခဲ့ ကြောင်းသိရသည်။    (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.