Connect with us

Videos

တရုတ်နိုင်ငံရှိ ကမ္ဘာ့ အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကြီးအား နိုင်ငံတကာ ပညာရှင်များလေ့လာခွင့်ရမည်

ကွေ့ယန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံရှိ မီတာ ၅၀၀ ကျော် ကျယ်ဝန်းသည့် စလောင်းပြားတစ်ခုတည်းအသုံးပြုထားသော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုတ်ကြီးအား တစ်ကမ္ဘာလုံးရှိ ပညာရှင်များလေ့လာအသုံးပြုရန် ဧပြီ ၁ ရက်မှ စတင် လျှောက်ထားခွင့်ပြုတော့မည်ဖြစ်ကြောင်းသိရသည်။

ရေဒီယိုတယ်လီစကုတ်ကြီး၏ ပြန်ကြားရေးတာဝန်ခံ တရုတ် သိပ္ပံအကယ်ဒမီ ၏ တရုတ် အမျိုးသား နက္ခတ်ဗေဒ စူးစမ်းလေ့လာရေးအဖွဲ့ က ဧပြီ ၁ ရက်မှ စတင်ကာ ကမ္ဘာတစ်ဝန်းရှိ နက္ခတ်ဗေဒ သိပ္ပံပညာရှင်များအနေဖြင့် အွန်လိုင်းမှကြိုတင် ရက်ချိန်းရယူပြီး ရေဒီယိုတယ်လီစကုတ်အား အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က အတည်ပြုပြောကြားခဲ့သည်။ ကြိုတင် ချိန်းဆိုမှုများပြုလုပ်ပြီးပါက သြဂုတ် ၁ ရက်မှ စတင်ကာ လာရောက်လေ့လာနိုင်မည်ဖြစ်သည်။ယင်း တယ်လီစကုတ်ကြီး အား ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်တွင် စတင် အသုံးပြုခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.