Connect with us

Videos

အီရန်နိုင်ငံက သန့်စင်ယူရေနီယမ် ၂၀ ရာခိုင်နှုန်း ထုတ်လုပ်မှုစတင်

တီဟီရန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

အီရန်နိုင်ငံက ၎င်း၏ Fordow သန့်စင် လောင်စာထုတ်လုပ်ရေးစက်ရုံမှ သန့်စင် ယူရေနီယမ်သတ္တု ၂၀ ရာခိုင်နှုန်း ထုတ်လုပ်နိုင်ရန် ဓါတ်ငွေ့ဖြည့်သွင်းမှု စတင်ခဲ့ကြောင်းသိရသည်။ ဓါတ်ငွေ့ဖြည့်သွင်းခြင်းသည် အီရန်နိုင်ငံ၏ ပထမဆုံး သန့်စင် ယူရေနီယမ် (uranium hexafluoride) ထုတ်လုပ်ရေးလုပ်ငန်းစဉ် စတင်ဆောင်ရွက်ရန် ဦးတည်ခြင်းလည်းဖြစ်သည်။

ယူရေနီယမ်ထုတ်လုပ်ရေးလုပ်ငန်းသည် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများအား တန်ပြန်သည့် မဟာဗျူဟာမြောက် လုပ်ဆောင်မှု အစီအမံတစ်ခုဖြစ်ကာ ပြီးခဲ့သည့်လက အီရန် လွှတ်တော်တွင် အတည်ပြုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အား သတင်းပေးပို့ပြီး နည်းပညာပိုင်းဆိုင်ရာအချက်အလက်များဖြည့်စွက်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံက သတင်းထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.