Connect with us

Videos

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် (၄) ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ ၂၅ နှစ်ပြည့်အဆင့်မြင့် အစည်းအဝေး တွင် မိန့်ခွန်းပြော 

ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အောက်တိုဘာ ၁ ရက်တွင် ကျင်းပသော (၄) ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ ၂၅ နှစ်ပြည့်အဆင့်မြင့်အစည်းအဝေးတွင် ရုပ်သံမှ တစ်ဆင့်မိန့်ခွန်းပြောကြားခဲ့သည်။ 

သမ္မတရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာတွင် အဆင့်လေးဆင့်ကို အဆိုပြုခဲ့ပြီး  ၎င်းအဆင့်များမှ ကောက်နုတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

ပထမဆုံးအနေဖြင့် မိမိတို့ သည် COVID-19 ကပ်ရောဂါကြောင့် အမျိုးသမီးများအပေါ် ထိခိုက်နစ်နာမှုများကို တတ်နိုင်သမျှလျှော့ချသွားရန်လိုအပ်ကြောင်း၊ ကပ်ရောဂါ ကြီးအား ရှေ့တန်းမှပါဝင် တိုက်ခိုက်လျက်ရှိသည့် အမျိုးသမီး ဆေးဝန်ထမ်းများ၏ အလုပ်ပတ်ဝန်းကျင်၊ လူမှု ဘဝ၊  ကျန်းမာရေး နှင့်  စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အထူး ဂရုပြုပေးသင့်ကြောင်းဆိုသည်။

ဒုတိယအနေဖြင့် မိမိတို့သည် စစ်မှန်သည့် ကျား၊ မ တန်းတူညီမှု အတွက် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အကျိုးစီးပွားနှင့် ရပိုင်ခွင့်များကို နိုင်ငံတော် အဆင့် အနေဖြင့် ကြိုးပမ်းအားထုတ်ကာကွယ်ပေးသွားရမည်ဖြစ်ကြောင်းရှီကဆိုသည်။ 

တတိယအနေဖြင့် မိမိတို့သည် ယနေ့ခေတ်တွင် အမျိုးသမီးများ ရှေ့တန်းမှ ပါဝင်နိုင်ရေးအတွက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အကျိုးစီးပွားနှင့်အခွင့်အရေးများကိုကာကွယ်ရန် နှင့် အမျိုးသမီးများ၏ ဘဝ တိုးတက်ရန် အတွက် ကြိုးပမ်းအားထုတ်ရန်နှင့် ၊ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှု ကို စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့်  ယှဉ်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်းရှီကဆိုသည်။ 

စတုတ္ထအနေဖြင့် မိမိတို့သည် အမျိုးသမီးများဘဝ အဆင့်မြင့်စွာဖွံ့ဖြိုးတိုးတက်ရန်အလို့ငှာ တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်လိုအပ်ကြောင်း ၊ ကုလသမဂ္ဂ၏ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးဆောင်ရွက်ချက်များတွင်တရုတ်နိုင်ငံက ထောက် ခံကြောင်း ကတိပြုပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ပိုမို ထောက်ပံ့မှုများပြုလုပ်သွားရန်ပြင်ဆင်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင်  ကျားမ တန်းတူညီမျှရှိမှုနှင့်အမျိုးသမီးများ၏  စွမ်းဆောင်မှု ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးကို ကျင်းပသွားရန်အဆိုပြုပြောကြားခဲ့ကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.