Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး ကောင်းကင်ကြိုးဆိုင်းရထားလမ်းပြေးဆွဲရန် အဆင်သင့်ဖြစ်

ချန်ဒူး၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးတွင် ပထမဆုံး ကောင်းကင်ကြိုးဆိုင်းရထားလမ်းပြေးဆွဲနိုင်ရန် အတွက် ၂ လခန့် စမ်းသပ်ပြီးနောက် စတင်ပြေးဆွဲနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ တစ်နာရီလျင် ၆ဝ ကီလိုမီတာ အမြန်နှုန်းဖြင့် ၁.၄၁ ကီလိုမီတာ ရှည်လျားသည့် စမ်းသပ်ရထားလမ်းတွင် ပြေးဆွဲနိုင်ပြီဖြစ်သည်။ လီသီယမ် ဘက်ထရီ စွမ်းအင်သုံး ရထားဖြစ်သောကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိအောင်လည်းကာကွယ်နိုင်သည်။ ရထား၏ ခံနိုင်ရည်စွမ်းအားများ ကို အသေးစိတ်သိရှိနိုင်ရန်အတွက် စနစ်တကျ စမ်းသပ်မှုအချို့ထပ်မံလုပ်ဆောင် မည်ဖြစ်သည်။ ရထားမှာ စီချွမ်ပြည်နယ် ၏ အထိမ်းအမှတ် ပန်ဒါကြီးများကဲ့သို့ အဖြူရောင်နှင့် အနက်ရောင်ရောစပ်ကာ ဒီဇိုင်းထွင်ထားခြင်း ဖြစ်သည်။ ကမ္ဘာ့ပထမဆုံး တစ်လမ်းမောင်းကောင်းကင်ကြိုးဆိုင်းရထားလမ်း ကို ၁၉ဝ၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဂျာမဏီ နိုင်ငံ တွင် ဆက်လက်သုံးစွဲလျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.