Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက ဒုံးပျံထုတ်လုပ်ရေးမှ ဒုံးပျံများကို ၂ဝ၁၉ ခုနှစ်တွင် စတင်ထုတ်လုပ်မည်

ကျဲ့ကျန်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက ဒုံးပျံထုတ်လုပ်ရေးလုပ်ငန်းကို ကျဲ့ကျန်းပြည်နယ် ဟူးကျိုးမြို့ တွင် တည်ဆောက်ထားပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းကို ပေကျင်းအခြေစိုက် ဒုံးပျံထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် LandSpace က ဆောင်ရွက်နေခြင်းဖြစ်သည်။ TQ-12 ဒုံးပျံအင်ဂျင်နှင့် ZQ2 ဒုံးပျံသယ်ဆောင်ယာဉ်တို့ကို ၂ဝ၁၉ ခုနှစ်တွင်စတင်ထုတ်လုပ်မည်ဖြစ်သည်။ ဒုံးပျံပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံတည်ဆောက်ခြင်းသည် နောက်ပိုင်းတွင် စီးပွားဖြစ် ဒုံးပျံသယ်ဆောင် ယာဉ်များ၊ ဒုံးပျံအစိတ်အပိုင်းများကို ထုတ်လုပ်ရောင်းချနိုင်မည့် ပထမဆုံးခြေလှမ်း တစ်ခုဖြစ်ကြောင်း LandSpace အကြီးအကဲကဆိုသည်။ တရုတ်နိုင်ငံသည် အာကာသလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍပါဝင်လာခြင်းကိုအထူးအားပေးမြှင့်တင်လျက်ရှိရာယခုအခါ စီးပွားဖြစ်လုပ်ကိုင်နေသည့် ပုဂ္ဂလိက အာကာသလုပ်ငန်းအဖွဲ့အစည်းပေါင်း ၆ဝ ကျော်ထိ ရှိနေပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.