Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်အောက် မြန်နှုန်းမြင့်ရထားလမ်းဥမင် တည်ဆောက် - Xinhua News Agency
Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်အောက် မြန်နှုန်းမြင့်ရထားလမ်းဥမင် တည်ဆောက်

ကျဲ့ကျန်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံးပင်လယ်အောက် မြန်နှုန်းမြင့်ရထားလမ်းဥမင်တစ်ခုကို နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် စတင်တည်ဆောက်နေပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါကူးစက်မှုထိန်းချုပ်နိုင်ခဲ့ပြီးနောက် မတ်လ ဆန်းပိုင်းတွင် အလုပ်သမားများလုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ပြီး အဆိုပါ ပင်လယ်အောက် မြန်နှုန်းမြင့်ရထားလမ်းဥမင် တည်ဆောက်မှုအား သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရန်အချိန်ပြည့်အလုပ်လုပ်လျှက်ရှိသည်။  ယခုတည်ဆောက်နေသည့် ရေအောက်မြန်နှုန်းမြင့် ရထားလမ်း ဥမင်သည် ကျဲ့ကျန်းပြည်နယ်၏ ကျွန်းမြို့တစ်မြို့ဖြစ်သည့် ကျိုးရှန်းမြို့နှင့် နင်းပေါင်မြို့တို့ကိုချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်း၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ ဥမင်မှာ ၁၆.၂ ကီလိုမီတာအရှည်ရှိပြီး ရေအောက်အနက် ၇၈ မီတာထိတွင် ဖောက်လုပ်မည်ဟု သတ်မှတ်ထားကြောင်းသိရသည်။ စီမံကိန်းပြီးသွားပါက ကျိုးရှန်းမြို့သို့ရထားဖြင့် သွားလာနိုင်မည်ဖြစ်ပြီး ယန်ဇီမြစ်ဝှမ်းတစ်လျှောက်ဖွံ့ဖြိုး တိုးတက်မှုများဆောင်ရွက်နိုင်မည်ဟုသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.