Connect with us

Videos

တရုတ်နိုင်ငံ၏ အကူအညီဖြင့် သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ပြန်လည်ပြုပြင်မွမ်းမံမှု စတင်

ရန်ကုန် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ပြန်လည် ပြုပြင် မွမ်းမံခြင်း စီမံကိန်း စတင်ခြင်း ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၁ ရက်တွင် အဆိုပါ အားကစား ပြိုင်ပွဲရုံ(၁)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံ၌ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)သည် နိုင်ငံ၏ ပုံရိပ်လည်း ဖြစ်ကြောင်း ၊ ယင်းပုံရိပ်ကို တရုတ် ပြည်သူ့ သမ္မတ နိုင်ငံက ယခင်ကလည်း ဆောက်လုပ်ပေးခဲ့ပြီး ယခု လိုအပ်သည်များ ပြင်ဆင်၍ အဆင့် မြှင့်တင်ခြင်းများ ပြုလုပ်ပေးမည် ဖြစ်သဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို သံအမတ်ကြီးမှ တဆင့် အထူး ကျေးဇူးတင်ရှိ ဝမ်းမြောက် ပါကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)သည် တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှု အတွက် အထိမ်းအမှတ် အဆောက်အအုံ ဖြစ်ပြီး အမှတ် သင်္ကေတ တစ်ခုလည်း ဖြစ်ကြောင်း ၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ယခုထက် ပိုမို ကောင်းမွန်ပြီး နိုင်ငံတကာ အဆင့်အတန်းမီ နောက်ဆုံး နည်းပညာများဖြင့် ပြုပြင် ထိန်းသိမ်းလိုက်မည် ဆိုပါက ယခု အဆောက်အဦသည် နောင်နှစ်ပေါင်းများစွာ ကြာရှည်သည့် တိုင်အောင် တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှု အတွက် အထောက်အကူ ဖြစ်နေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်(Chen Hai)က အားကစားရုံ၏ အခန်းကဏ္ဍ နှင့် စွမ်းဆောင်ရည်များကို ထပ်ဆင့် အသုံးချနိုင်ရန် တရုတ် နိုင်ငံ အစိုးရက အားကစားရုံကို ကိုယ်ကျိုးမဲ့ ပြုပြင် တည်ဆောက်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ၊ စီမံကိန်း ဆောင်ရွက် ပြီးစီးပြီးနောက် အမျိုးသား အားကစား ပြိုင်ပွဲရုံသည် အသွင်သစ်ဖြင့် ပေါ်ထွက်လာပြီး ပြီးပြည့်စုံသော စွမ်းဆောင်ရည် ၊ ခေတ်မီသည့် အဆောက်အအုံ နှင့် အတူ မြန်မာ ပြည်သူများ၏ အားကစား ယဉ်ကျေးမှု လူနေမှုဘ၀ ကို ပိုမို ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ပြန်လည် ပြုပြင် မွမ်းမံခြင်း စီမံကိန်းအား နှစ်နိုင်ငံ သဘော တူညီချက်များ အရ နှစ်နှစ် အတွင်း ပြီးစီးရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.