Connect with us

Videos

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် သံလမ်းမဲ့ရထားများပြေးဆွဲမည်

ဟေလုံကျန်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ် တွင် ဒေသအာဏာပိုင်များက ၁၉.၂ ကီလိုမီတာ အရှည်ရှိသည့် အလိုအလျောက် အမြန် ရထားသယ်ယူပို့ဆောင်ရေး (ART) စနစ်ကို ခွင့်ပြုခဲ့ပြီဖြစ်သည်။ အဆိုပါ ART စနစ်တွင်ပြေးဆွဲမည့် သံလမ်းမဲ့ ရထား များ သည် ယခုနှစ်ကုန်တွင် တည်ဆောက်မှု ပြီးစီးမည်ဟုသိရသည်။
CRRC Zhuzhou Institute Co.,ltd က လျှပ်စစ်ရထားအသစ်များအားလုံးကို ထောက်ပံ့ပေးမည်ဖြစ်သည်။ ART ရထားစနစ်တွင် သံလမ်းမဲ့ ရထားလမ်းများပေါ်၌ ရထားများကို ပြေးဆွဲနိုင်ရန် ဆင်ဆာစနစ်ကို ရထားအတွင်းထည့်သွင်းထားသည်။
ART ရထားလမ်းများကိုတည်ဆောက်သည့်ကုန်ကျစရိတ်မှာ ရထားသံလမ်းများတည်ဆောက်ရာတွင်ကုန်ကျသည့်စရိတ်ထက်များစွာသက်သာသည်။လက်ရှိတွင်တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်ပြည်နယ် Yibin မြို့တွင် ART ရထားလမ်းစနစ်ကို အသုံးပြုလျက်ရှိသည်။ CRRC Zhuzhou Institute Co.,ltd က ART ရထားလမ်းစနစ်တွင်အသုံးပြုနိုင်မည့် ရထားများကို ပြည်ပသို့တင်ပို့နိုင်မည့်ဈေးကွက်ရှာဖွေလျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.