Connect with us

Videos

တရုတ်နှင့် ရုရှားကို ချိတ်ဆက်သည့် အဝေးပြေးလမ်းပိုင်း၏ မြစ်ကူးတံတားဖောက်လုပ် ပြီးစီးတော့မည်

ဟေလုံကျန်း၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို ဆက်သွယ် ဖောက်လုပ်ထားသည့် အဝေးပြေးလမ်းမကြီး ပေါ်တွင် ဖောက်လုပ်ထားသည့် ဟေလုံကျန်းမြစ်ကူးတံတားကြီး ကို လာမည့် အောက်တိုဘာလတွင် စတင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

၎င်း မြစ်ကူးတံတားကြီးမှာ တရုတ်-ရုရှား အဝေးပြေးလမ်းပိုင်း၏ ပထမဆုံး တံတားတစ်စင်းဖြစ်ပြီး ၁၂၈၄ မီတာ အရှည်ရှိကာ အကျယ် ၁၄.၅ မီတာရှိသည်။

တရုတ်နိုင်ငံဟေလုံကျန်းပြည်နယ် heihe မြို့နှင့် ရုရှားနိုင်ငံ ၏ Blagoveshchensk မြို့တို့ကို ချိတ်ဆက် ဖောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉.၉ ကီလိုမီတာအရှည်ရှိသည့် တရုတ်-ရုရှား အဝေးပြေးလမ်းမ၏ အဓိက အစိတ်အပိုင်းဖြစ် ပြီး ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ဖောက်လုပ်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.