Connect with us

Videos

တရုတ်လေကြောင်းပြပွဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၏ စစ်တပ်သုံးလေယာဉ်သစ်များအားထုတ်ဖော်ပြသ

ကွမ်ကျိုး၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေတပ် သည် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် တောင်ပိုင်း ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ကျူးဟိုင်မြို့တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ဖွင့်လှစ်ခဲ့သည့် ၁၃ ကြိမ်မြောက် တရုတ်နိုင်ငံတကာ လေကြောင်းနှင့် အာကာသပြပွဲ (သို့) တရုတ်လေကြောင်းပြပွဲ ၂၀၂၁ ၌စစ်တပ်သုံးလေယာဉ်သစ်များအား မိတ်ဆက်ပြသခဲ့သည်။

လေကြောင်းပြပွဲတွင် J-20 ကိုယ်ပျောက် တိုက်ခိုက်ရေးဂျက်လေယာဉ် နှစ်စင်း၊ တရုတ်နိုင်ငံ၏ တိုက်ပွဲသုံး အီလက်ထရောနစ်လေယာဉ်အသစ် J-16D နှင့် အမြင့်ပျံကင်းထောက်ဒရုန်း အမျိုးအစားအသစ် WZ-7 တို့ကိုလည်း ပြသခဲ့သည်။
ထို့အပြင် Y-20 ဝန်အားမြင့်သယ်ဆောင်ရေးလေယာဉ်နှင့် အခြားအရေးပါသော စစ်ပွဲသုံး အသုံးအဆောင်ကိရိယာများကိုလည်း ပြပွဲအတွင်းပြသခဲ့ကြောင်းသိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည်

လေကြောင်းနှင့်အာကာသစွမ်းရည်များမြှင့်တင်ရန် မဟာဗျူဟာမြောက်လိုအပ်ချက်များနှင့်အညီလုပ်ဆောင်လျက်ရှိသည့်အပြင် တိုက်ခိုက်ရေးနှင့်ကာကွယ်ရေးလုပ်ငန်းများ၌ ညီညွတ်မျှတမှုရှိစေရန်လည်းဆောင်ရွက်နေကြောင်း၊ အနာဂတ်တွင် ကမ္ဘာ့အဆင့်မီဗျူဟာမြောက် လေတပ် တပ်ဖွဲတစ်ခု ကိုယ်တိုင် တည်ဆောက်ရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)
#PLAairforce #aircraft #airshow #ChinaInternationalAviationandAerospaceExhibition #Zhuhai #guangdong #latestaircrafts #China #myanmar #xinhua #xinhuamyanmar #တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် #လေတပ် #ကျူးဟိုင် #ကွမ်တုန်း #နောက်ဆုံးပေါ်လေယာဉ်များ #တရုတ် #မြန်မာ #ဆင်ဟွာ #ဆင်ဟွာမြန်မာ
………………
(English Version)
GLOBALink | PLA Air Force unveils new aircraft at Airshow China

The Chinese People’s Liberation Army (PLA) Air Force has unveiled an array of new aircraft at the 13th China International Aviation and Aerospace Exhibition, or Airshow China 2021, which opened Tuesday in the southern port city of Zhuhai, Guangdong Province.
Aircraft put on show included two J-20 stealth fighter jets, China’s new electronic warfare aircraft J-16D, and a new high-altitude reconnaissance drone, WZ-7.
The Y-20 heavy transport aircraft and some other major battle equipment were also displayed at the show.
The PLA Air Force is working in line with the strategic requirements of integrating air and space capabilities as well as coordinating offensive and defensive operations. Its goal is to advance toward building itself into a world-class strategic air force, said Commander of the PLA Air Force Chang Dingqiu at the event.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.