Connect with us

Videos

တရုတ် နှင့် အာဖရိက သမဂ္ဂ ဆောက်လုပ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်

အဒစ်စ်အဘာဘာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အာဖရိကသမဂ္ဂ တို့သည် ဇန်နဝါရီလ (၂၁) ရက်နေ့က အာဖရိက သမဂ္ဂ ကွန်ဖရင့် စင်တာ ၌ အာဖရိက သမဂ္ဂ အဆောက်အအုံအဆင့်မြှင့် တင်ခြင်း၊ လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်း ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ အာဖရိကယူနီယံ ကွန်ဖရင့် စင်တာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၁၃ ဟက်တာ ကျယ်ဝန်း ပြီး ကြမ်းခင်းဧရိယာ စတုရန်း မီတာပေါင်း ၅သောင်း ၁ထောင်ခန့် ရှိနေရာကို အသုံးပြု ရမည်ဖြစ်သည်။

တန်ဇန်နီးယား-ဇင်ဘာဘွေ ရထားလမ်း ပြီးနောက် တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးသည့် ဒုတိယ မြောက် အကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်သည့် ယခုဆောက်လုပ်ရေးလုပ်ငန်းအား တရုတ်အစိုးရ မှ အမေရိကန်ဒေါ်လာ ၃၆ သန်း ရင်းနှီးမြှုပ်နှံကာ အကုန်အကျခံ တည်ဆောက်ပေးမည်ဟု သဘော တူညီမှုရရှိခဲ့သည်။

အဆိုပါ သဘောတူညီမှုတွင် ဒုတိယ တိုးချဲ့စီမံကိန်း အဖြစ် အာဖရိက သမဂ္ဂ အဆောက်အအုံ တွင် ထားရှိမည့် အခန်းများ၊ စင်တာများနှင့် အခြား လိုအပ်မည့် အသုံးအဆောင်များ ပရိဘောဂများကိုပါ ထောက်ပံ့ပေးမည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.