Connect with us

Videos

တရုတ်-မြန်မာနယ်စပ်ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစည်းအဝေးတွင် နှစ်ဖက်စလုံးမှ မူဘောင်သဘော တူညီချက်ရရှိခဲ့

နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာနယ်စပ်ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစည်းအဝေးကို စက်တင်ဘာ ၆ ရက်နှင့် စက်တင်ဘာ ၇ ရက် ၂ရက်တိုင်တိုင်ကျင်းပခဲ့ပြီးနောက် နှစ်ဘက်စလုံးက သဘောတူကြသည့် ပြည့်စုံကောင်းမွန်သော Work Plan ပေါ်ထွက်လာရေး ဆွေးနွေးခဲ့ကြပြီး အားလုံး သဘောတူသည့် မူဘောင်သဘော Working Plan တစ်ခု ရရှိခဲ့ကြသည်။

အဆိုပါ မူဘောင် သဘော တူညီချက်မှာ အချုပ်အားဖြင့်(၁) တရုတ် – မြန်မာ နယ်စပ်တွင် ငှက်ဖျားရောဂါ ပပျောက်ရေး မဟာဗျူဟာမြောက် အစီအစဉ်၌ နှစ်နိုင်ငံလုံးက ပူးပေါင်းဆောင်ရွက်ကြရန်၊ (၂ ) နယ်စပ်ဒေသ ငှက်ဖျား ပပျောက်ရေး အစီအစဉ်အရ ၂၀၁၈ – ၂၀၁၉ အတွက် အကောင်အထည်ဖော်ရမည့် စီမံကိန်း မူကြမ်းအား နှစ်ဘက်စလုံးက ပူးပေါင်း ရေးဆွဲခြင်းကို ဦးစွာ ဆောင်ရွက်ကြရန် မူအားဖြင့် သဘောတူကြခြင်း ဖြစ်သည်၊ဆက်လက်ပြီး အဆင့်ဆင့် ဆောင် ရွက်သွားမည့် လုပ်ငန်းများမှာ—

(၁) တရုတ် – မြန်မာ နယ်စပ်တွင် ငှက်ဖျားရောဂါ ပပျောက်ရေး ၂၀၁၈ – ၂၀၃၀ မဟာဗျူဟာမြောက် အစီအစဉ်၊၂၀၁၈ – ၂၀၁၉ အကောင်အထည်ဖော်မှု ကုန်ကျစရိတ်များ လျာထားရန်နှင့် ထိုကုန်ကျ စရိတ်ကို တရုတ်နိုင်ငံက ကျခံမည်ဖြစ်ပြီး ၂၀၁၇ အောက်တိုဘာလကုန်တွင် အဆိုပါ ကျခံမည့် Project Proposal တို့ကို အပြီးသတ် ညှိနှိုင်းကြရန်၊ (၂) ထို အချက် သုံးချက်စလုံးကို ၂၀၁၇ နိုဝင် ဘာ လကုန် တွင် နှစ်နိုင်ငံ အစိုးရက အတည်ပြုပေးရန်၊ (၃) လုပ်ငန်း ရန်ပုံငွေအတွက် တရုတ် သံရုံးက ၂၀၁၇ ဒီဇင်ဘာ လကုန်တွင် တာဝန်ယူပေးရန်၊ (၄) အုပ်ချုပ်မှု ကော်မတီတစ်ရပ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အုပ်စုများ ဖွဲ့စည်းခြင်းကို ၂၀၁၇ နိုဝင်ဘာလကုန်တွင် အပြီးသတ် ဆောင်ရွက်ကြရန်၊ (၅) တရုတ် – မြန်မာ နယ်စပ် ငှက်ဖျား ရောဂါ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး စတုတ္ထအကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၈ ဧပြီ ၂၅ – ၂၆ ရက်တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့၌ ကျင်းပ ပြုလုပ်ရန် – တို့ဖြစ်ကြသည်။အဆိုပါ အစည်းအဝေးသို့ နှစ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသား မျိုးနွယ်စု အချို့၏ ကျန်းမာရေး အဖွဲ့များ၊ ပြည်တွင်း ပြည်ပ NGO များ နှင့် အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာလွင်၊ WHO မှ သိပ္ပံပညာရှင် Dr. Badri Thapa, China NHFPC မှ Dr. Yan Jun တို့လည်း တက်ရောက်ခဲ့ကြပြီး အမှာစကားများ ပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.