Connect with us

Videos

တရုတ် – မြန်မာ နယ်စပ်ဒေသ ငှက်ဖျားရောဂါ ပပျောက်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ် – မြန်မာ နယ်စပ်ဒေသရှိ ပြည်သူများ ငှက်ဖျားရောဂါ လုံး၀ ကင်းစင် ပပျောက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ငှက်ဖျားရောဂါကြောင့် သေဆုံးနှုန်းကို ၆၅ – ၇၀ ရာခိုင်နှုန်းလောက်ထိ လျှော့ချနိုင်ခဲ့ သော် လည်း မဟာမဲခေါင် ဒေသခွဲအတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးနှုန်း များသည့် နိုင်ငံများတွင် ပါဝင်နေဆဲဖြစ်၍ ထပ်မံလျှော့ချဖို့ လိုနေကြောင်း၊ မြန်မာနိုင်ငံ အရှေ့ဘက် ခြမ်း ရှိ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့နှင့် ထိစပ်နေသော နယ်စပ်ဒေသများတွင် ငှက်ဖျားဆေး ယဉ်ပါးမှု အန္တရာယ်ကို ရင်ဆိုင်နေရခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း၊ ထို့ကြောင့် နယ်စပ် ဒေသနေ ပြည်သူ များအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှသာ ပပျောက် ကင်းစင်နိုင်မည်ဖြစ် ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်သန့်က နေပြည်တော် Hilton Hotel တွင် စက်တင်ဘာ ၆ ရက်၌ ပြုလုပ်ခဲ့သည့် တရုတ် – မြန်မာ နယ်စပ် ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေး ပထမနေ့ ဖွင့်ပွဲ တွင်ပြောခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ကော်မရှင် ၊ ယူနန်ပြည်နယ် ကပ်ပါးပိုး ကာကွယ် ထိန်းချုပ်ရေးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသည့် တရုတ်နိုင်ငံသံရုံး စီးပွားရေး သံမှူး မစ္စတာ Xie Guoxiang က တရုတ်နိုင်ငံ အစိုးရအနေဖြင့် ငှက်ဖျား ရောဂါကို ၂၀၂၀ ခုနှစ်မတိုင်မီ ပပျောက်အောင် ဆောင်ရွက် မည် ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ၂၀၃၀ မတိုင်မီ ပပျောက်အောင် ဆောင်ရွက်သွားမည် ဖြစ်၍ နှစ်ဘက် ရည်မှန်းချက်ချင်း တူနေသောကြောင့် ရည်မှန်းချက်များ အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ အစည်းအဝေးကို စက်တင်ဘာ ၆ ရက်နှင့် စက်တင်ဘာ ၇ ရက် ၂ရက်တိုင်ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဘက်စလုံးက သဘောတူသည့် မူဘောင်သဘော Working Plan တစ်ခု ရရှိခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.