Connect with us

Videos

တိုက်ကြီး ငလျင်ဒဏ်ကြောင့် လူနေလိုင်းခန်း နံရံ ပြိုကျကာ လူ ၂ ဦး သေဆုံး

ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

တိုက်ကြီးမြို့အနီး လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တိုက်ကြီးမြို့ လိမ္မော်ခြံ ကျေးရွာ အုပ်စုရှိ ကပစ (၁၁) ဝန်း တွင် လူနေလိုင်းခန်း နံရံ ပြိုကျကာ လူ ၂ ဦး သေဆုံးမှု ရှိခဲ့ကြောင်း တိုက်ကြီး မြို့နယ် ဆေးရုံမှ မြို့နယ် ကုသရေး ဦးစီး ဌာနမှူး/ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ သန်းမြင့်က ဆင်ဟွာသို့ယနေ့မတ် ၁၄ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် ကပစ (၁၁) ဝန်း တွင် လူနေလိုင်းခန်း နံရံ ပြိုကျကာ အသက် ၆ နှစ် အရွယ်ရှိ ကလေးငယ် တစ်ဦး နှင့် အသက် ၅၈ နှစ် အရွယ်ရှိ တပ်ကြပ် တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် တိုက်ကြီး မြို့နယ် ပြည်သူ့ဆေးရုံတွင် ငလျင်ဒဏ်ကြောင့် ကုသမှု ခံယူသူမှာ ၅ ယောက်သာ ကျန်ရှိတော့ကြောင်း ၊ ငလျင်ဒဏ်ကြောင့် ဆေးရုံသို့ရောက်ရှိလာသူ တစ်ဝက်ခန့်မှာ ထိခိုက်ဒဏ်ရာ ရရှိ၍ ရောက်ရှိလာခဲ့ပြီး ကျန်ရှိသည့် သူများမှာ သတိလစ် ၊ မူးဝေမှုများကြောင့် ဖြစ်ကြောင်း ဒေါက်တာ သန်းမြင့်က ပြောကြားခဲ့သည်။မတ် ၁၃ ရက် ညပိုင်း အချိန်တွင် ၂ ကြိမ် လှုပ်ခတ်ခဲ့သောတိုက်ကြီးမြို့အနီး ဗဟိုပြုသည့် အင်အား အသင့်အတင့်ရှိ မြေငလျင်ဒဏ်ကြောင့် ပြည်သူ ၂၄ ဦး ထိခိုက် ဒဏ်ရာ ရရှိမှု ရှိကာ ပျက်စီး ဆုံးရူံး မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီး ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.