Connect with us

Videos

တိုင်ဖွန်းမုန်တိုင်း ချန်သူ (Chanthu) တိုက်ခတ်မှုကြောင့်ရှန်ဟိုင်းတွင် ဘေးကင်းရေးအစီအမံများဆောင်ရွက်

ရှန်ဟိုင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ယခုနှစ်၏ ၁၄ လုံးမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သည့် “ချန်သူမုန်တိုင်း”သည် တနင်္လာနေ့ မနက်မှ ဗုဒ္ဓဟူးနေ့အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အရှေ့ဘက် ကီလိုမီတာ ၁၀၀ မှ ၂၀၀ ကြား ပင်လယ်ရေမျက်နှာပြင်အတွင်း ရစ်ဝဲနေမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် မြို့၏ အရှေ့မြောက်ဘက်ဆီသို့ရွေ့လျားသွားနိုင်ကြောင်း ရှန်ဟိုင်းမိုးလေဝသခန့်မှန်းရေးစင်တာမှထုတ်ပြန်ခဲ့သည်။

ချန်သူမုန်တိုင်းကြောင့် ကြာသပတေးနေ့အထိ ရှန်ဟိုင်းမြို့တွင် မိုးသည်းထန်ခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများကြုံတွေ့နိုင်ကြောင်းခန့်မှန်းထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ညမှစတင်ကာ ဒေသတွင်းရှိ လမ်းများနှင့်မြို့များအားလုံးတွင် ယာယီအိမ်အမိုးအကာများ၊ သစ်သားအိမ်များနှင့် အန္တရာယ်ရှိအဆောက်အဦများတွင် နေထိုင်သည့်ပြည်သူများအားကြိုတင်နေရာရွှေ့ထားခဲ့ပြီး အစားအသောက်များနှင့် နေ့စဉ်အသုံးပြုရန်လိုအပ်သည့်ပစ္စည်းများအားစီစဉ်ထားရှိပေးခဲ့သည်။

ချန်သူမုန်တိုင်းတိုက်ခတ်ရန်နီးကပ်လာသောကြောင့် ရှန်ဟိုင်းမြို့တွင် ကျောင်းတက်နေသည့်ကျောင်းသားများကိုလည်း တနင်္လာနေ့ နေ့လည်ခင်းတွင် အိမ်များသို့ ပြန်လွှတ်ခဲ့သည်။

ရှန်ဟိုင်းမြို့ရှိ ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရာနေရာပေါင်း ၁၂၀ ကျော်ကိုလည်း မုန်တိုင်းကြောင့်တနင်္လာနေ့နှင့်အင်္ဂါနေ့တို့တွင်ယာယီပိတ်ထားခဲ့သည်။တနင်္လာနေ့ ညပိုင်းတွင် တစ်မြို့လုံးရှိ ည အလှထွန်းညှိထားသည့် မီးများအားလုံးကိုလည်း ပိတ်ထားခဲ့ကြောင်းသိရသည်။ (Xinhua)

————————————
(English Version)
GLOBALink | Shanghai beefs up safety measures as Typhoon Chanthu hovers nearby
SHANGHAI, Sept. 14 (Xinhua) — Chanthu, this year’s 14th typhoon, was forecast to linger over sea waters between 100 km and 200 km east of Shanghai from Monday night to Wednesday before weakening and moving northeastward away from the city on Thursday, said the Shanghai meteorological center.
The heavy rains and strong winds brought by Chanthu are forecast to stay in the city until Thursday.
Since Sunday night, all streets and towns in the region have transferred the people living in temporary sheds, plank houses and dangerous houses on the construction site in advance, and properly arranged their food and daily necessities.
Students in Shanghai returned home at Monday noon due to the approaching Typhoon Chanthu.
More than 120 tourist attractions in Shanghai are temporarily closed on Monday and Tuesday due to the typhoon.

In addition, all landscape lights in the city were switched off on Monday night.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.