Connect with us

Videos

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဇူလိုင်လ အတွင်း ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိ

ရန်ကုန် ၊ သြဂုတ်၂ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဇူလိုင်လ အတွင်း ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၂ ဦး ရှိကြောင်း အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ နှင့် လူမှု ဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တို့မှ ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။

ရေဘေးကြောင့် သေဆုံးခဲ့ရမှုများမှာ နေပြည်တော်တွင် ၁ ဦး ၊ ကရင်ပြည်နယ်တွင် ၁ ဦး ၊ တနသာၤရီ တိုင်းဒေသကြီးတွင် ၁ ဦး ၊ မွန်ပြည်နယ်တွင် ၃ ဦး ၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ ဦး ၊ မကွေး တိုင်းဒေသကြီးတွင် ၂ ဦး တို့ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် ၈ ခုတွင် ရေဘေး ဖြစ်ပွားမှုကြောင့် စုစုပေါင်း လူဦးရေ ၁၄၇,၆၁၃ ဦး ပြောင်းရွှေ့ ခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး နှင့် နေပြည်တော်ရှိ ရေဘေးသင့် ပြည်သူ ၃၄၆ ဦးမှာ မူလ နေရပ်သို့ပြန်လည် ပြောင်းရွှေ့ပြီး ဖြစ်ကြောင်း သိရသည်။

ရေဘေး ဖြစ်ပွားမှုကြောင့် ကရင် ပြည်နယ် ၊ တနသာၤရီ တိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးတို့တွင် ရေဘေးရှောင် စခန်း စုစုပေါင်း ၃၂၆ ခု ဖွင့်လှစ်ခဲ့ရာ ဇူလိုင် ၃၁ ရက်တွင် ပြောင်းရွှေ့ထားမှု အခြေအနေ အရ စုစုပေါင်း စခန်း ၂၉၉ ခုတွင် လူဦးရေ ၁၃၂၉၇၂ ဦး ယာယီ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဇူလိုင်လ အတွင်း ရေဘေး ဖြစ်ပွားမှုကြောင့် ဆန်ရိက္ခာ ၊ အိမ်ဆောက်/ ကျောင်းဆောက် ပစ္စည်း အပါအဝင် သဘာဝဘေး ရန်ပုံငွေမှ ထောက်ပံ့မှုများ ပေးအပ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.