Videos
ထိန်ပင်အမှိုက်ပုံမီးလောင်မှု(၈၀) ရာခိုင်နှုန်းခန့် မီးထိန်းနိုင်ပြီ
ရန်ကုန်၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ တွင် ဧရိယာစတုရန်းဧက ၃၀၀ ခန့်ရှိသည့် ထိန်ပင်အမှိုက်ပုံ သည် ဧပြီ ၂၁ ရက်နေ့မှစတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုစတင်ခဲ့သည့် နေ့တွင် မီးခိုးငွေ့များ နေရာအနှံ့အပြားသို့ ပျံ့နှံ့ခဲ့ခြင်းမရှိခဲ့သော်လည်း မီးဆက်လက်လောင်ကျွမ်းနေခဲ့သဖြင့် မြို့နယ်တချို့ သို့မီးခိုးများပျံ့နှံံံ့ခဲ့သည်။
ဧပြီလ ၂၆ ရက်နေ့တွင် မီးလောင်မှု (၈၀)ရာခိုင်နှုန်းခန့် ကို မီးထိန်းနိုင်ပြီဖြစ်ပြီး မီးငြိမ်းရေးအပြင် မီးခိုးများပါငြိမ်းသတ်နိုင်ရန် နည်းပညာ(Bio Foam)သုံးကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)