Videos
နိုင်ငံတကာနောက်ဆုံးပေါ်ကားများပြသသည့်ပွဲ

နယူးယောက်၊ မတ် ၂၉ ရက်(ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မန်ဟန်တန်ရှိ Jacob K. Javits Convention Center တွင် ၂ဝ၁၈ နိုင်ငံတကာကားပြပွဲကို ဖွင့်လှစ်ရန်အတွက်မီဒီယာများနှင့်မိတ်ဆက်ပွဲကို မတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့သည်။ ထိုပြပွဲတွင် ကမ္ဘာ့နံမည်ကြီး ကားထုတ်လုပ်ရေး လုပ်ငန်းများမှ ထုတ်လုပ်သည့် နောက်ဆုံးပေါ်ကားအမျိုးအစားစုံလင်စွာကို ပြသထားပြီး ကားဝါသနာရှင်များအထူး စိတ်ဝင်တစားလာရောက်ကြည့်ရှုခဲ့ကြသည်။ပြပွဲကို မတ်လ ၃ဝ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ပြသသွားမည်ဟုသိရသည်။ ယခု နယူးယောက်တွင်ကျင်းပသည့် နိုင်ငံတကာနောက်ဆုံးပေါ်ကားများကို လာရောက်ပြသသည့်ကားပြပွဲ မှာ ၁၁၈ နှစ်တိုင်ကျင်းပခဲ့ပြီဖြစ်ကြောင်း သိရသည်။(Xinhua)