Connect with us

Videos

နိုင်ငံတကာလမ်းကြောင်းသစ် ဖောက်လုပ်နိုင်ခဲ့သည့် တရုတ်-လာအို နှစ်နိုင်ငံဆက် ရထားလမ်း

ကူမင်း၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမှ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းသို့ ချိတ်ဆက်ထားသော အရှည် ၁,၀၀၀ ကီလိုမီတာရှိ ရထားလမ်းသည် အင်္ဂါနေ့က နောက်ဆုံး ရထားသံလမ်းပိုင်း ခင်းကျင်းနိုင်ခြင်းနှင့်အတူ ရထားလမ်းချိတ်ဆက်မှု ပြီးစီးခဲ့ကြောင်း သိရသည်။တရုတ်-လာအို ရထားလမ်း ချိတ်ဆက်တည်ဆောက်မှုသည် စစ်ဆောင်ပန်နား (တိုင်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မုန်လား ခရိုင်တွင် ပြီးစီးခဲ့ခြင်းဖြစ်ရာ ယင်းနေရာသည် တရုတ်-လာအို နယ်စပ် ကုန်းတွင်းဆိပ်ကမ်းအနီးတွင် တည်ရှိကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် ရထားဝန်ဆောင်မှုများကို ယခုနှစ် ဒီဇင်ဘာလတွင် စတင်ရန် ကြိုတင်ခန့်မှန်းထားပြီး တိုက်ရိုက်သယ်ယူပို့ဆောင်မှုလမ်းကြောင်း ဖွင့်လှစ်ပါက မြို့နှစ်မြို့အကြား တစ်ရက်အတွင်း ခရီးသွားလာနိုင်မည်ဖြစ်ကြောင်း China State Railway Group Co., Ltdက ဆိုသည်။

ယခုနှစ်သည် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံအကြား သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၆၀ ပြည့် အခါသမယဖြစ်သည်။ တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ “ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်တွင်းဆက်အချက်အချာနေရာအဖြစ်သို့ ပြောင်းလဲခြင်း” မဟာဗျူဟာနှင့် ချိတ်ဆက်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

#China, #Laos, #railway, #xinhua, #xinhuamyanmar, #တရုတ်, #လာအို, #ရထားလမ်း, #ချိတ်ဆက်မှု, #ဆင်ဟွာ
………………………….
(English Version)
GLOBALink | Railway links China and Laos, carving out new int’l passage
KUNMING, Oct. 12 (Xinhua) — With the last steel beam laid, a railway stretching over 1,000 km from southwest China’s Kunming, capital of Yunnan Province, to Vientiane of Laos, was completed on Tuesday.
The track construction of the China-Laos railway was completed in Mengla County of the Xishuangbanna Dai Autonomous Prefecture, which is near a land port on the China-Laos border.
Scheduled for a cross-border railway service in December this year, the direct transport route is expected to slash the travel time between the two cities to less than one day, according to China StateRailway Group Co., Ltd.
This year marks the 60th anniversary of diplomatic ties between China and Laos. The China-Laos Railway is a docking project between the China-proposed Belt and Road Initiative and Laos’ strategy to convert itself from a landlocked country to a land-linked hub.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.