Videos
နိုင်ငံတော် သမ္မတ က တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ
ရန်ကုန် ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့သည် ဧပြီလ ၂၅ ရက်နေ့က မြန်မာ နိုင်ငံ သို့ ချစ်ကြည်ရေး အလည်ပတ်ခရီးစဉ် အဖြစ် ရောက်ရှိနေသည့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း(Mr.Song Tao) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား သီးခြားစီလက်ခံ တွေ့ဆုံ ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင်နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က မြန်မာ နိုင်ငံ အစိုးရ အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး အား လွန်စွာ အလေးထားကြောင်း ၊ အဆင့်မြင့် အရာရှိ ကူးလူးဆက်ဆံမှု ကို မြှင့်တင်သွားလိုပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။
ဝန်ကြီး မစ္စတာ ဆုန့်ထောင်း က တရုတ် နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအား လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုများ ကို မြှင့်တင်သွားလိုကြောင်း ၊ နှစ်နိုင်ငံ နိုင်ငံရေးပါတီ အကြား အနီးကပ်ဆက်ဆံရေး ထားရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဧပြီလ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဝန်ကြီး မစ္စတာ ဆုန့်ထောင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံပြီး ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။
ဝန်ကြီး မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ က ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ပါတီ အဖွဲ့ဝင်များ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်ဦးဆောင်သည့်အဖွဲ့ဝင်များအား သီးခြားစီ တွေ့ဆုံခဲ့ကာ ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။(Xinhua)