Connect with us

Videos

နှစ်ပေါင်း ၁၇၄ သန်း သက်တမ်းရှိ ကမ္ဘာ့သက်တမ်းအရှည်ဆုံးပန်းပွင့်ရုပ်ကြွင်းများ

နန်ကျင်း၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

နှစ်ပေါင်း ၁၇၄ သန်း သက်တမ်းရှိပြီဖြစ်သည့်ကမ္ဘာ့သက်တမ်းအရှည်ဆုံးပန်းပွင့်ရုပ်ကြွင်းပေါင်း ၂ဝဝ ကျော်ကို တရုတ်နိုင်ငံအရှေ့ပိုင်းနန်ကျင်းမြို့ တွင် သုတေသီများကရှာဖွေတွေ့ရှိခဲ့ကြသည်။

၎င်းမှာ ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများမျိုးမသုန်းခင်ကတည်းက ရှိခဲ့သည့်ပန်းမျိုးစိတ်များဖြစ်ပြီး အချင်းဝက်မှာ ၁ဝ မီလီမီတာရှိကာ ပွင့်ဖတ် ၄ ခု သို့မဟုတ် ၅ ခု ရှိသည်။ ယခုခေတ်စပျစ်ပင်သီးပွင့်သည့်ပုံစံနှင့်ဆင်တူသည်။ ၎င်းကို Angiospermမျိုးစိတ်ဟုအမည်ပေးထားသည်။

သုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်သည့် သုတေသီ ဝမ်ရှင်းက “ရုပ်ကြွင်းတွေက အများကြီးပဲ။ အတိအကျအားဖြင့် ဘယ်လောက်တောင်များလဲဆိုရင် ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိရသမျှ ပန်းပွင့်တဲ့ အပင် တွေအပါအဝင်ရုပ်ကြွင်းအရေအတွက်စုစုပေါင်းထက် အခုရှာဖွေတွေ့ရှိမှုက ပိုများတယ်။ Angiosperm ရဲ့ ပင်မမျိုးစိတ်က ရုပ်ကြွင်းအထောက်အထားတွေအရ အတော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်” ဟုဆိုသည်။ ယခင်က ပန်းပွင့်များမှာလွန်ခဲ့သော နှစ်သန်းပေါင်း ၅ဝ ခန့်မှ စတင်ခဲ့သည်ဟု ယူဆခဲ့ကြသော်လည်း ယခုတွေ့ရှိမှုကြောင့် ပန်းပွင့်များမှာ ထိုထက်စောကာ ကမ္ဘာကြီးပေါ်တွင်တည်ရှိခဲ့ကြောင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.