Connect with us

Videos

ပထမ အကြိမ် မြန်မာ့ ကျောက်မျက် ရတနာနေ့ကျင်းပ

နေပြည်တော် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မြန်မာ့ တွင်းထွက် ရတနာများ အကြောင်းအား ကမ္ဘာ့နိုင်ငံများမှ ပိုမို သိမြင်လာစေရန် ရည်ရွယ်ချက်များ အပါအဝင် ပထမ အကြိမ် မြန်မာ့ ကျောက်မျက် ရတနာနေ့အား ယနေ့သြဂုတ် ၃ ရက်တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာ့ကျောက်မျက် ရတနာနေ့အခမ်းအနားအား ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း က နိုင်ငံအတွင်း ခေတ်အဆက်ဆက် ထွက်ရှိခဲ့သည့် ထင်ရှား ကျော်ကြားသော ကျောက်မျက် ရတနာများ၏ သမိုင်းကြောင်းအား ထိန်းသိမ်း စောင့်ရှောက်ရန် နှင့် ဂုဏ်ပြုနိုင်ရန် ၊ အရိုင်းထည် ကုန်ကြမ်း ရောင်းချသည့် အဆင့်မှ အချောထည် ထုတ်လုပ် ရောင်းချ နိုင်ရေးကို ဈေးကွက် အဆင့်သို့ကူးပြောင်းပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးနိုင်သကဲ့သို့အထောက်အကူ ဖြစ်စေရန် လည်းကောင်း ရည်ရွယ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း အဖြစ် စတင် တည်ထောင်ခွင့် ရခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မြန်မာ့ ကျောက်မျက် ရတနာနေ့အဖြစ် သတ်မှတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက

မြန်မာနိုင်ငံမှ ကျောက်မျက် ရတနာများအား ကမ္ဘာ့ဈေးကွက်ထဲသို့ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိအောင် ထိုးဖောက်နိုင်ရန် ကြိုးစား ကြရမည် ဖြစ်ကြောင်း အခမ်းအနားတွင်

ပြောကြားခဲ့သည်။

မြန်မာ့ ကျောက်မျက် ရတနာနေ့၏ ဆောင်ပုဒ်မှာ “စည်းကမ်း ရှိစွာ ထုတ်လုပ်ပါ။ကျောက်မျက် တန်ဖိုး မြှင့်တင်ပါ။” ဖြစ်သည်။

အခမ်းအနားသို့ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ ၊ လွတ်တော် ကိုယ်စားလှယ်များ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်များရှိ ကျောက်မျက် လုပ်ငန်းရှင် အသင်းများ ၊ အာဆီယံ နိုင်ငံများ နှင့် မိတ်ဖက် နိုင်ငံ ဒေသများမှ ဧည့်သည်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.