Connect with us

Videos

AEC+8 ကျောက်မျက် ရတနာ ထိပ်သီး အစည်းအဝေးအား ဂုဏ်ပြု ကြိုဆို

နေပြည်တော် ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

၆ ကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်း အပေါင်း မိတ်ဖက် ၈ နိုင်ငံ ကျောက်မျက် နှင့် လက်ဝက် ရတနာ ထိပ်သီး အစည်းအဝေးအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိတ်ဆုံ ညစာစားပွဲ(GRAND GALA DINNER)အား ယနေ့သြဂုတ် ၃ ရက်တွင် နေပြည်တော်ရှိ MICC-2 ၌ ကျင်းပခဲ့သည်။

ထိုညစာစားပွဲတွင် မြန်မာ့ ကျောက်မျက် ရတနာ ဒီဇိုင်းများ ဝတ်ဆင် ပြသမှုများ ၊ ရိုးရာ အက ဖျော်ဖြေမှုများ ၊ ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။

ဂုဏ်ပြုညစာစားပွဲသို့ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အပါအဝင် အာဆီယံ နိုင်ငံများ နှင့် မိတ်ဖက် နိုင်ငံ ဒေသများမှ ကျောက်မျက် လုပ်ငန်းရှင်များ ၊ အဖွဲ့အစည်းများ ၊ ကျောက်မျက် ရတနာ ကုန်သည်များ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်များရှိ ကျောက်မျက် လုပ်ငန်းရှင် အသင်းများ ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ပြည်တွင်း ၊ ပြည်ပမှ ၆၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

၆ ကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်း အပေါင်း မိတ်ဖက် ၈ နိုင်ငံ ကျောက်မျက် နှင့် လက်ဝက် ရတနာ ထိပ်သီး အစည်းအဝေးအား သြဂုတ် ၄ ရက်တွင် နေပြည်တော်ရှိ MICC-2 ၌ ပထမဆုံး အကြိမ် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.