Connect with us

Videos

ပန်ဒါအကြီးမျိုး နှစ်ကောင်အား အအေးပိုင်းဒေသ တရုတ်နိုင်ငံ မြောက်ပိုင်း တွင် ဘဝသစ် စတင်

ကျိလင်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ကျိလင် ပြည်နယ်သို့ ဘေးမဲ့ လွှတ်ပေးခဲ့သည့် ပန်ဒါကြီးမျိုး နှစ်ကောင်သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်စွာ ရှိနေကြောင်း ဒေသဆိုင်ရာ တိရစ္ဆာန်ရုံ မှ ပြောကြားခဲ့သည်။

ကျားကျား အမည်ရှိ အသက် ၈ နှစ် အရွယ် ပန်ဒါ အထီး နှင့် မုံ့မုံ့ အမည်ရှိ အသက် ၇ နှစ် အရွယ် ပန်ဒါအမ လေးတို့သည် စီချွမ် မှ ကျိလင် ပြည်နယ် မြို့တော် ချန်ချွမ်းရှိ ကျိလင် တောရိုင်း တိရစ္ဆာန် ကယ်ဆယ်ရေးနှင့် မွေးမြူရေး စင်တာသို့ ပြောင်းရွှေ့ပြီး နောက်ပိုင်း တရုတ်နိုင်ငံ အမြင့်ပိုင်းဒေသတွင် နေထိုင်သည့် ပထမဆုံးသော ပန်ဒါကြီးမျိုးများ ဖြစ်လာကြောင်း သိရသည်။

ပန်ဒါများသည် ပေါက်စီ ၁ကီလိုဂရမ်၊ မုန်လာဥနီ ၁၂ဝ ကီလိုဂရမ်၊ ပန်းသီး ၁၅ဝ ကီလိုဂရမ်၊ ဝါးနု ၅ ကီလိုဂရမ်တို့အား နေ့စဉ်စားသောက်ကြပြီး ၎င်းတို့အား အစာကျွေးရန် အတွက် တစ်လလျှင် ဒေါ်လာ ၇၇ဝဝ ခန့် ကုန်ကျကြောင်း သိရသည်။

ပန်ဒါများသည့် သုံးနှစ်တာ အချိန်အား တိရစ္ဆာန်ရုံတွင် ကုန်ဆုံးခဲ့ကြပြီး သုတေသီများ အနေဖြင့် ထိုအချိန်အတွင်း အချက်အလက်များ စုဆောင်းခြင်းနှင့် သားဖေါက်ခြင်း ဆိုင်ရာ စမ်းသပ်ချက်များ ကို ဆောင်ရွက် ကြကြောင်း သိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.