Connect with us

Videos

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ရထားမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာ

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၌ ရထားမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၇၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်းနှင့် အဆိုပါ ကြောက်မက်ဖွယ်ဖြစ်ရပ်အတွက်တာဝန်ရှိသော လူ ၊ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း မီးရထားဝန်ကြီး ရှိတ် ရာရှိဒ်အာမတ် (Sheikh Rasheed Ahmad) က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

၎င်းက အဆိုပါ ရထားမီးလောင်မှုမှာ ပြေးဆွဲနေသည့်ရထားအတွင်း ခရီးသည်များက နံနက်စာအတွက် ပြင်ဆင်နေသည့် ဓာတ်ငွေ့အိုးနှစ်လုံးနှင့် မီးဖိုတစ်ခု ပေါက်ကွဲခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ကနဦးတွင် လူစီးတွဲများအနက် တစ်ခုသာ မီးလောင်ခဲ့သော်လည်း ရထားပြေးဆွဲနေသဖြင့် လေတိုက်နှုန်းကြောင့် အခြားလူစီးတွဲနှစ်တွဲပါ မီးကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ အကယ်၍ ရထားမောင်းသူကသာ မီးလောင်မှုဖြစ်ပြီးပြီးချင်း ရထားကို မရပ်တန့်ပါက ဆုံးရှုံးမှုမှာ ပို၍များပြားနိုင်ကြောင်း သိရသည်။

ရထားမီးလောင်မှုတွင် လျော်ကြေးငွေအဖြစ် သေဆုံးသူများ၏ မိသားစုဝင်များအား ရူပီး ၁ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၉၆၃၆ခန့်) နှင့် ဒဏ်ရာရသူများအတွက်မူ ရူပီး သုည ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၃၂၁၂) ပေးအပ်ကြောင်း ကြေညာခဲ့သည်။

ရထားမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများမှာ ရာဟင်မ်ယာခန်ခရိုင်နှင့် ဘဟာဝါလ်ပူခရိုင်များရှိ ဆေးရုံသုံးရုံသို့ တက်ရောက်ကာဆေးကုသမှုခံယူလျက်ရှိကြောင်း၊ အခင်းဖြစ်ပွားရာနေရာအား ဒေသခံအာဏာပိုင်များက အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ မီးရထားလုပ်ငန်း၊ ခရိုင် ညှိနှိုင်းရေးမှူး နာဘီလာ အက်စ်လမ် (Nabila Aslam) က ဆင်ဟွာသို့ပြောသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.