Connect with us

Videos

ပေါ်တိုရီကိုတွင် ဟာရီကိန်းမာရီယာ၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့်သေဆုံးသူ၃ထောင်နီးပါးရှိ

ပေါ်တိုရီကို၊ သြဂုတ် ၃ဝ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု၊ ပေါ်တိုရီကိုကျွန်းတွင် ဟာရီကိန်းမာရီယာ ဝင်ရောက်ခဲ့ပြီးနောက် သေဆုံးသူအရေအတွက် တိုးမြင့်လာခဲ့ကြောင်းအာဏာပိုင်များက သြဂုတ်လ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသူဦးရေမှာ ၆၄ ဦးမှ ၃ဝဝဝ ဦးအထိ တိုးမြင့်လာခဲ့ကြောင်းရိုက်တာသတင်းတစ်ရပ်ကဖော်ပြခဲ့သည်။ မုန်တိုင်း၏ အကျိုးဆက်ကြောင့် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလမှ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလလယ်အထိ လူပေါင်း၂၉၇၅ အထိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပေါ်တိုရီကို အုပ်ချုပ်ရေးမှူးရုံးမှကောက်ယူသည့်စာရင်းဇယားများအရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.