Connect with us

Videos

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံ ကျင်းပ

နေပြည်တော် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
အစိုးရသစ် လက်ထက် ပထမဆုံးအကြိမ် အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံအား ယနေ့ သြဂုတ်လ ၃၁ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ၊ နိုင်ငံရေး ပါတီများ နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ၊ နိုင်ငံတကာ သံတမန်များ ၊ အဖွဲ့အစည်းများ ၊ လေ့လာသူများ စုစုပေါင်း ဦးရေ ၁,၆၀၀ ခန့် တက်ရောက်ကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံအပြင် ကမ္ဘာကပါ ငြိမ်းချမ်းရေး အတွက် စောင့်ကြည့်နေကြောင်း၊ ငြိမ်းချမ်းရေးဆိုတာ ညီလာခံ ခန်းမထဲမှာသာ မွေးဖွား ပေါ်ပေါက်လာနိုင်တာ မဟုတ် ဘဲ ပြည်သူအားလုံးရဲ့ အားပေးထောက်ခံမှု တက်ကြွ လှုပ်ရှားမှုတွေ လိုအပ် ကြောင်း၊ ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုသည် ယနေ့အခမ်းအနားတွင် ရှိနေသော သူများအတွက်သာ မဟုတ်ဘဲ အနာဂတ် မျိုးဆက်လူငယ်များ၏ စိတ်ထဲမှာ မငြိမ်းချမ်းသော ဒဏ်ရာများ မရစေရန် ဖြစ်ကြောင်း စသဖြင့်ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦး နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း များအသီးသီးပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.