Connect with us

Videos

ပြည်သူ့ကျန်းမာရေးအကာအကွယ်ပေးရေးဆိုင်ရာ ကွန်ရက်ကိုဖြန့်ကျက်အားဖြည့်ရန် သမ္မတရှီကျင့်ဖိန် မှာကြား

ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် မေ ၂၄ ရက်က ပေကျင်းမြို့၌ ကျင်းပဆဲ နှစ်ပတ်လည်အစည်းအဝေးကာလအတွင်း သမ္မတ ရှီကျင့်ဖိန်သည် ဟူပေပြည်နယ်ရှိ အမျိုးသားအဆင့်ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြားနာမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ထိုသို့တွေ့ရာတွင် သမ္မတရှီကဟူပေပြည်နယ်နှင့် ဟူပေပြည်နယ်ရဲ့မြို့တော် ဝူဟန့်မြို့က ပြည်သူတွေဟာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ တကယ်ကိုကြီးမားတဲ့ပေးဆပ်မှုတွေနဲ့ အဖိုးမဖြတ်နိုင်တဲ့ကူညီမှုတွေပြုလုပ်ခဲ့ကြပါတယ် ၊ဝူဟန့်မြို့ဟာ သူရဲကောင်းတို့ရဲ့မြို့အဖြစ်သတ်မှတ်ခံရဖို့တကယ်ပဲထိုက်တန်လှပါတယ် ဟူပေပြည်နယ်နှင့် ဝူဟန့်မြို့ကပြည်သူတွေကိုလည်း သူရဲကောင်းတွေလို့အမှန်တကယ်ကို ခေါ်ထိုက်ပါပေတယ် ၊ကျွန်တော့်အနေနဲ့ ဒီမှာရှိနေတဲ့ခင်ဗျားတို့အားလုံးကိုရော၊ အမှုထမ်းများအားလုံးကိုရော၊ ဟူပေပြည်နယ်မှာရှိတဲ့ ပြည်သူတွေ အားလုံးကိုပါ လေးလေးနက်နက်ဂုဏ်ပြုချင်ပါတယ် ၊ဟူပေပြည်နယ်က ပြည်သူတွေအနေနဲ့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး နဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေ ကိုလုပ်ဆောင်တဲ့နေရာမှာ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြဖို့ အလွန်အရေးကြီးပါတယ် တရုတ်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုစနစ်တွေဟာ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ဆောင်ရာမှာ အဓိကအရေးပါပါတယ် ဒါပေမယ့် အားနည်းချက်တွေနဲ့ လိုအပ်ချက် အချို့လည်းရှိခဲ့ပါတယ် ဒါကြောင့် လိုအပ်ချက်တွေကိုပြုပြင်ဖို့ တိုက်တွန်းလိုပါတယ်ဟု မှာကြားခဲ့သည်။

 

သမ္မတရှီက ရောဂါကာကွယ်ထိန်းချုပ်ရေးစနစ်ကိုအသစ်ပြုပြင်မွမ်းမံရန်၊ ကပ်ရောဂါ စောင့်ကြည့်ထိန်းချုပ်ရေး၊ စောလျင်စွာအသိပေးခြင်းနှင့် အရေးပေါ်တုံ့ပြန်ရေးအစီအမံများကို အရှိန်မြှင့်တင်ရန်၊ ကပ်ရောဂါကြီးများထပ်မံဖြစ်ပွားလာပါက ကျန်းမာရေးကုသမှုစနစ်များကိုပြည့်စုံနေစေရန်နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို မွမ်းမံတိုးမြှင့်ရန် အလေးအနက်ထားမှာကြားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.