Connect with us

Videos

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြည်ထောင်စု လွှတ်တော် နာယက တာဝန်များရယူ

နေပြည်တော်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

လပေါင်း သုံးဆယ်ပြည့်မြောက်သွားပြီ ဖြစ်သည့် ပြည်ထောင် စု လွှတ်တော် နာယက တာဝန်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းထံမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားအား ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ယနေ့စတင် တာဝန်ထမ်းဆောင်သည့် နာယကအသစ် ဦးတီခွန်မြတ်က ပြည်ထောင်စု လွှတ်တော်သို့ နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စု လွှတ်တော်နာယက၊ ဒုတိယ နာယက တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်တို့အား ပြည်ထောင်စုလွှတ်တော်က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စုအဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.