Connect with us

Videos

ဗီယက်နမ်နိုင်ငံ တွင် လမုန့်များကို ခေတ်နှင့်အညီအရသာအမျိုးမျိုးဖြင့် ဆန်းသစ်စွာပြုလုပ်

ဟနွိုင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ ဟနွိုင်း၌ တရုတ်ရိုးရာ ဆောင်းဦးအကြိုပွဲတော် အတွက် လမုန့်များကို ပုံစံအမျိုးမျိုး အရသာအမျိုးမျိုးဖြင့် ဗီယက်နမ်ရိုးရာ အမွှေးအကြိုင်များကို အသုံးပြုပြီးပြုလုပ်ရောင်းချကြသည်။ လမုန့် အတွင်း အသားများ၊ သစ်စေ့များ၊ သစ်သီးယိုများကို ထည့်သွင်းကာ ပြုလုပ်ကြသကဲ့သို့ နှင်းလမုန့်၊ ဂျယ်လီလမုန့်၊ ရေခဲမုန့်လမုန့်စသဖြင့် ခေတ်နှင့်အညီ အရသာကို အသစ်အဆန်းပြုလုပ်ရောင်းချခြင်းလည်း ရှိသည်။ ယခင်က လမုန့်များကိုအသက်အလတ်ပိုင်းနှင့် အသက်ကြီးပိုင်းများက သာ နှစ်ခြိုက်ကြသော်လည်း ယခုတွင် လူငယ်များက ပါ နှစ်ခြိုက်စွာ စားသုံးလျက်ရှိသောကြောင့် ခေတ်နှင့်အညီ လမုန့်များကို အရသာ ပြောင်းလဲအောင်ပြုလုပ်လာကြခြင်းဖြစ်သည်။ လမုန့်ပွဲတော် မတိုင်ခင် တရက်အလိုတွင် ဗီယက်နမ်ပြည်သူများ မှာ မိမိတို့နှစ်သက်ရာလမုန့်များကို ဝယ်ခြမ်းရန်အတွက် လမုန့်ဆိုင်များတွင် တန်းစီစောင့်ဆိုင်းဝယ်ယူကြသည်။ ရာသီဥတု အေးသည့် အချိန်မျိုးတွင် လမုန့်အစိုများကို အနည်းဆုံး ၅ ရက်ခန့်ထားပြီးစားသုံးနိုင်ပြီး ပြန်ဖုတ်ထားသည့် လမုန့်များကိုမူ ၇ ရက် ခန့်အထိ ထား၍ စားသုံးနိုင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.