Connect with us

Videos

ဘဟားမားစ်ကျွန်းတွင် အင်အားပြင်း မုန်တိုင်းကြောင့် လူ ၅ ဦးအထိသေဆုံး

ဘဟားမားစ်၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

ဒိုရီယန်ဟု အမည်ပေးထားသည့် အားအလွန်ပြင်းထန်သည့် ဟာရီကိန်း သည် ဘဟားမားစ်ကျွန်းသို့ စက်တင်ဘာ ၂ ရက်က ဝင်ရောက်ခဲ့ပြီး အနောက်မြောက်ပိုင်း ကာရေဘီယန်ကျွန်း သို့ဆက်လက်ရွေ့လျား နိုင်ကြောင်း သိရသည်။

ဘဟားမားစ်ကျွန်း ကတော့ မုန်တိုင်းတိုက်ခတ်မှုကိုအချိန်ကြာမြင့်စွာဖြစ်ပွားခံခဲ့ရကြောင်း ဝန်ကြီးချုပ် Hubert Minnis ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းစာတစ်ခုကဖော်ပြခဲ့သည်။

စက်တင်ဘာ၁ ရက်က ဘဟားမားစ် ဟု အမည်ပေးထားသည့် ကျွန်းများအတွင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အား ၄ အဆင့်ရှိသည့် အားကောင်းသော ဟာရီကိန်းမုန်တိုင်းကြောင့် အပျက်အစီးများပြားခဲ့သည်။

မုန်တိုင်းမှာ ပိုမိုအားကောင်းလာပြီး အင်အား ၅ အဆင့်ကိုရောက်ရှိကာ Abaco ဒေသတွင် မြေပြိုမှုများဆက်လက်ဖြစ်ပွားပြီးနောက် လက်ရှိအချိန်အထိ ရရှိထားသည့်သတင်းများအရ မုန်တိုင်းကြောင့် လူ ၅ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ Abaco ဒေသတွင် ဖြစ်ပွားသည့် မြေပြိုမှုမှာ ရုတ်တရက်ဖြစ်ပွားပြီး အလွန်ပြင်းထန်ကြောင်း ဝန်ကြီးချုပ် Minnis က ဆိုသည်။

ဒိုရီယန်မုန်တိုင်းမှာ ဘဟားမားစ် တွင် တစ်နာရီလျင် လေမိုင်နှုန်း ၂၉၇ ကီလိုမီတာဖြင့် ဆက်လက်တိုက်ခတ်နေပြီးမုန်တိုင်းသင့်သည့် ဒေသအချို့သို့ အာဏာပိုင်များက သွားရောက်နိုင်ခြင်းမရှိ ကြောင်းသိရသည်။

ဟာရီကိန်းမုန်တိုင်းမှ စက်တင်ဘာ ၃ ရက်မနက်အထိ ဘဟားမတ်စ်တွင် ဆက်လက်တိုက်ခတ်နေမည်ဖြစ်သော်လည်း အားနည်းကာ အရှိန် လျော့ကျသွားမည်ဖြစ်ကြောင်းခန့်မှန်းရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.