Connect with us

Videos

ဘေရွတ်မြို့ပေါက်ကွဲမှုများကြောင့် လက်ဘနွန်နိုင်ငံ ပြန်ကြားရေး ဝန်ကြီး နှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ရာထူးမှနုတ်ထွက်

ဘေရွတ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

 လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင်ပြီးခဲ့သည့် သတင်းပတ်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြီးနှစ်ခုနှင့်ပတ်သက်၍ အစိုးရ အနေဖြင့် တိကျမှန်ကန်သည့် စစ်ဆေးမှုရလဒ်ထုတ်ပြန်ခြင်းခဲ့ခြင်း မရှိသည့်အပေါ် ပြည်သူများက မကျေမနပ်ဖြစ်ရာမှ ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားလျက်ရှိသည်။ ယင်းဆန္ဒပြပွဲများ၏ နောက်ဆက်တွဲအဖြစ် ဩဂုတ် ၉ ရက်က လက်ဘနွန်နိုင်ငံ ပြန်ကြားရေးဝန်ကြီး နှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး တို့သည် ရာထူးမှ အသီးသီးမှ နုတ်ထွက်သွားခဲ့ရသည်။ 

လက်ဘနွန်နိုင်ငံ ပြန်ကြားရေးဝန်ကြီး Manal Abdel Samad က “ အမှန်တရားဟာ ကျွန်မတို့ ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး ဘေရွတ်မြို့ရဲ့ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့်နိုင်ငံသူနိုင်ငံသားတို့ရဲ့ စိတ်နှလုံးကို ပူဆွေးဝမ်းနည်းစေခဲ့မိပါတယ်၊ ပေါက်ကွဲမှုကြောင့်ကွယ်လွန်ခဲ့ရသူတွေနဲ့ ဒဏ်ရာရရှိခဲ့ကြသူတွေ ၊ ပျောက်ဆုံးသွားခဲ့ကြသူတွေနဲ့ အိမ်ရာမဲ့သွားတဲ့သူတွေအားလုံးကို အနူးအညွတ်တောင်းပန်ရင်းနဲ့ ပြောင်းလဲမှုကို တိုက်တွန်းလိုလားကြသူ အများစုရဲ့ တောင်းဆိုမှုတွေကိုလိုက်နာပြီး ကျွန်မ အနေနဲ့ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်” ဟုဆိုသည်။ 

ပြန်ကြားရေးဝန်ကြီး နုတ်ထွက်သည့် ရက်မှာပင် သဘာဝ ပတ်ဝန်းကျင်ရေးရာဝန်ကြီး Demianos Kattar လည်း ရာထူးမှနုတ်ထွက်ခဲ့သည်။ ပေါက်ကွဲမှုနောက်ဆက်တွဲအဖြစ် လွှတ်တော်အမတ်များကလည်း အစောပိုင်းရက်များတွင် အသီးသီး နုတ်ထွက်ခဲ့ကြသည်။ ဩဂုတ် ၈ ရက်တွင် ဘေရွတ်မြို့၌ လူထောင်ပေါင်းများစွာက အစိုးရဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပြီး အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုခဲ့ကြသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.