Connect with us

Media

ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်အား ငါးနှစ်စာချုပ်ဖြင့် အာဆင်နယ်အသင်း ခေါ်ယူ

လန်ဒန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
အာဆင်နယ်အသင်းက စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်အား ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း (ဒေါ်လာ ၇၄ သန်း)၊ ဖြစ်နိုင်ဖွယ်ရှိသော အပိုဆုကြေး ပေါင် ၈.၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယိုကယ်ရက်စ်အနေဖြင့် ဇူလိုင် ၂၆ ရက်က ဆေးစစ်မှု ပြီးမြောက်ခဲ့ပြီးနောက် လန်ဒန်အခြေစိုက် ကလပ်အသင်းနှင့် ငါးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကာ ရာသီကြို ခြေစမ်းပွဲကစားရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ၎င်း၏ အသင်းဖော်အသစ်များနှင့် ပူးပေါင်းသွားမည်ဖြစ်သည်။
“ဒါက ကျွန်တော့်အတွက် သင့်တော်တဲ့အသင်းဖြစ်တယ်လို့ ထင်ပါတယ်” ဟု ပြီးခဲ့သည့် ရာသီတွင် ပေါ်တူဂီလိဂ်၌ ၃၉ ဂိုး သွင်းယူနိုင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ယိုကယ်ရက်စ်က ပြောကြားခဲ့ပြီး ယမန်နှစ် နိုဝင်ဘာလက အာဆင်နယ်အသင်းအား အိမ်ကွင်း၌ ၁-၅ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်သည် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်အတွက် အဓိကအ‌ကြောင်းရင်းတစ်ခု ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ပြီးခဲ့တဲ့ရာသီက ကျွန်တော် အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတုန်းက သူတို့အသင်းက သိပ်ကိုအင်အားတောင့်တင်းပြီး ရင်ဆိုင်ဖို့ သိပ်ခက်ခဲတဲ့ အသင်းတစ်သင်းပဲလို့ ကျွန်တော် အမှန်တကယ် ယူဆမိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
“အဲဒါကြောင့်ပဲ ကျွန်တော် အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့တာပါ။ ဒီအသင်းဟာ ခမ်းနားတဲ့သမိုင်းကြောင်းနဲ့ ကြီးမားလှတဲ့ ပရိသတ်အင်အားကို ပိုင်ဆိုင်ထားပါတယ်” ဟု ယိုကယ်ရက်စ်က ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် အသင်းပရိသတ်များကို အလွန်နှစ်သက်သဘောကျမိသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
အာဆင်နယ်နည်းပြ မစ်ကယ် အာတေတာက အဆိုပါတိုက်စစ်မှူး ရောက်ရှိလာသည့်အပေါ် ကြိုဆိုခဲ့ကြောင်း သိရသည်။ “ဗစ်တာမှာ အရည်အသွေးတွေ အများကြီးရှိပါတယ်။ သူဟာ လျင်လျင်မြန်မြန် ကစားအားကောင်းကောင်းနဲ့ တိုက်စစ်မြားဦးမှာ နေရာယူကစားလေ့ရှိပြီး ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ မယုံနိုင်လောက်တဲ့ သွင်းဂိုးအရေအတွက်ကို သွင်းယူထားပါတယ်” ဟု ၎င်းက ဆိုသည်။
“သူဟာ အခွင့်အရေးတွေကို သွင်းဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်း မြင့်မားပြီး အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နိုင်စွမ်းရှိသလို ဂိုးဧရိယာထဲမှာ အကွက်မြင်မြင် ရွေ့လျားမှုတွေနဲ့လည်း ပြိုင်ဘက်ကို အဆက်မပြတ် ခြိမ်းခြောက်နိုင်ပါတယ်” ဟု အာတေတာက ဆက်လက်ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းအနေဖြင့် ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အကြိတ်အနယ် လှုပ်ရှားနေပြီး စပိန်လက်ရွေးစင် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ၊ ဘရန့်ဖို့ဒ်ကွင်းလယ်လူ ခရစ်ရှန် နော်ဂ့ါဒ်၊ ချဲလ်ဆီးကစားသမားများဖြစ်သည့် ကယ်ပါနှင့် နိုနီ မာဒူအက်ကေ၊ ဗလင်စီယာအသင်းမှ ယူ-၂၁ နောက်ခံလူ ခရစ္စသီယန် မော့စကယ်ရာတို့ကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117