Videos
မက္ကဆီကိုနိုင်ငံ က အကြွေစေ့ထွင်းအနုပညာ
ကန်ကန်၊ ဒီဇင်ဘာ (၂၃)ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ်မှ အပန်းဖြေမြို့တော် ဖြစ်သည့် ကန်ကန်မြို့တွင် ကမ္ဘာလှည့် ခရီးသည်များအားဆွဲဆောင်ရန်အတွက် ငွေအကြွေစေ့များတွင် အရုပ်များအား ထွင်းထုပြီး ဖန်တီး ထုတ်လုပ်လျက်ရှိသည်။
မက္ကဆီကိုနိုင်ငံ သို့ လာရောက်လည်ပတ်ကြသူ နိုင်ငံခြားသားများက အဆိုပါ အကြွေစေ့ ဆွဲကြိုးများအား အလွန်နှစ်သက်ကြကြောင်း၊ ထို ဆွဲကြိုးများမှာ အခြားမည်သည့်နေရာတွင် မှမရှိကြောင်း၊ ၎င်း အကြွေစေ့များအားဖန်တီးရာတွင် အများထင်သလို လေဆာ ကဲ့သို့သော ခေတ်မီစက်ကိရိယာတစ်ခုခု အားအသုံးပြု၍ ဖန်တီး ခြင်းမဟုတ်ဘဲ လွှအသေး ကို သာ အသုံးပြု ၍ လက်ဖြင့် အနုစိတ်ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြွေစေ့ အား ထွင်းထုသည့်အနုပညာသည် ကျယ်ပြန့်လာသည်နှင့်အမျှ ကမ္ဘာပေါ်ရှိ နံမည်ကြီး အမှတ်တံဆိပ် ကုမ္ပဏီများမှ ၎င်းတို့ ၏ လိုဂို အမှတ်တံဆိပ်များအား အပ်နှံကာ ပုံဖော်မှုများပြုလုပ်လာကြပြီး ၎င်းတို့ထဲတွင် ချက်ဗလတ်(Chevrolet)၊ ဗောက်စ်ဝက်ဂွန် (Volkswagen) နှင့် တရုတ်နိုင်ငံပိုင်ဆင်ဟွာ သတင်းဋ္ဌာနတို့၏ လိုဂိုအမှတ်တံဆိပ်များ ပါဝင်ကြောင်းသိရသည်။ (Xinhua)