Connect with us

Videos

“မင်္ဂလာပါ ချောင်အန်း” တရုတ် ရုပ်သံ ဇာတ်လမ်းတွဲအား တရုတ်မြန်မာ ပူးပေါင်း ထုတ်လွှင့် ပြသမည်

နေပြည်တော် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၊ ကွမ်ရှီးပြည်သူ့အသံလွှင့် ဌာန(GXBS) နှင့် မြန်မာနိုင်ငံ ၊ ပြန်ကြားရေး ဝန်ကြီးဌာန ၊ မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြား(MRTV) တို့ပူးပေါင်း၍ “မင်္ဂလာပါ ချောင်အန်း” အမည်ရှိ တရုတ် ရုပ်သံ ဇာတ်လမ်းတွဲအား မြန်မာ စကားပြောဖြင့် အပတ်စဉ် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ထို တရုတ် ရုပ်သံ ဇာတ်လမ်းတွဲ စတင် ပြသခြင်း နှင့် အသံသွင်းခန်း ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားအား ယနေ့သြဂုတ် ၂၂ ရက်တွင် နေပြည်တော်ရှိ MRTV ရုံး၌ ကျင်းပ ပြုလုပ်ရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပါတီ အမြဲတမ်း ကော်မတီဝင် ၊ ပြန်ကြားရေး ဝန်ကြီး ၊ မစ္စ ဖန့်ရှောင်လိ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ယခု ဇာတ်လမ်းသည် တရုတ်နိုင်ငံ၌လည်း လူကြိုက်များပြီး ဘဝတွင် တွေ့ကြုံလာသည့် အခက်အခဲများကို ကြံကြံခံနိုင်သည့် စိတ်ဓာတ် အားမာန်ကို အတုယူစေသည့် ဇာတ်လမ်းလည်း ဖြစ်ကြောင်း ၊ မြန်မာ ပရိသတ်များ ယခု ဇာတ်လမ်းတွဲကို နှစ်ခြိုက် အားပေးကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပါတီ အမြဲတမ်း ကော်မတီဝင် ၊ ပြန်ကြားရေး ဝန်ကြီး မစ္စ ဖန့်ရှောင်လိက ယခု လုပ်ဆောင်ချက်သည် တရုတ်-မြန်မာ နှစ်နိုင်ငံကြားရှိ မီဒီယာ ပူးပေါင်း ဖြန့်ဖြူးရေး စနစ် အသစ်ကို ဖန်တီးပြီး နှစ်နိုင်ငံကြားရှိ မီဒီယာ ကဏ္ဍတွင် သမိုင်းဝင် မှတ်တိုင်လည်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ “မင်္ဂလာပါ ချောင်အန်း” အမည်ရှိ တရုတ် ရုပ်သံ ဇာတ်လမ်းတွဲအား မြန်မာ စကားပြောဖြင့် ယနေ့သြဂုတ် ၂၂ ရက်မှ စတင်၍ အပတ်စဉ် တနလာၤ ၊ အဂါၤ ၊ ဗုဒ္ဓဟူးနေ့များတွင် မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြား(MRTV) မှ ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး မြန်မာဘာသာ အသံသွင်းခန်း ဆိုင်းဘုတ်တင် အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ပြီး MRTV နှင့် GXBS တို့၏ ဇာတ်လမ်းတွဲ မြန်မာဘာသာပြန် နှင့် အသံထပ် လုပ်ငန်း ထုတ်လုပ်ရေး ဌာန ဆိုင်းဘုတ်အား ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် နှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပါတီ အမြဲတမ်း ကော်မတီဝင် ၊ ပြန်ကြားရေး ဝန်ကြီး မစ္စ ဖန့်ရှောင်လိ တို့က ဖွင့်လှစ်ပေးခဲ့သည်။ ကွမ်ရှီး ပြည်သူ့အသံလွှင့် ဌာနသည် မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြား ဘာသာပြန် နှင့် ဖြန့်ဖြူးရေး အတွက် နှစ်စဉ် နှစ်တိုင်း ဝန်ထမ်း စေလွှတ်ခြင်း ၊ အစီအစဉ် ပြုစု နှင့် ဘာသာပြန်ခြင်း ၊ အသံသွင်းခြင်း ၊ အစီအစဉ်မှူးများ ၊ အင်ဂျင်နီယာများ အချင်းချင်း အတွေ့အကြုံ ဖလှယ်ခြင်း စသည့် ကိစ္စများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.