Connect with us

Videos

မျက်စိ အတွင်းတိမ် လူနာ ၂၀၀ ကို အခမဲ့ ခွဲစိတ် ပေးမည့် “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု စတင်

မန္တလေး ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိ အတွင်းတိမ် ရောဂါဝေဒနာ ခံစားနေရသူ ၂၀၀ ဦး ကို အခမဲ့ ခွဲစိတ်ကုသပေးမည့် “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု အား သြဂုတ်လ ၂၂ ရက် ်၌ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မြင်းမူမြို့နယ် ၊ ထီးဆောင်ကျေးရွာ ရှိ ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံ တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲ အခမ်းအနား သို့ ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံ စီမံအုပ်ချုပ်မှု မဟာနာယက ဆရာတော် ဘဒ္ဒ န္တ ဝံသပါလာလင်္ကာရ ၊ တရုတ် နိုင်ငံ ပရဟိတပူးပေါင်းဆောင်ရွက်ရေးအသင်း နိုင်ငံတကာဌာန တာဝန်ခံ မစ္စတာ ကျိုးကျားရှင်း ၊ မန္တလေး ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွား ကူညီရေး စင်တာ ဥက္ကဋ္ဌ ဦးမြင့်နိုင်(Li Jichang) ၊ အိုက်အယ်မျက်စိဆေးရုံ မျက်စိအတွင်းတိမ် ကုသရေးကြီးကြပ်ရေးမှူး မစ္စတာ ကျောက်မုချွမ်း ၊ ကူမင်းမြို့ အိုက်အယ်မျက်စိ ဆေးရုံ ဆေးရုံအုပ် မစ္စ ယန်းရွှဲမေ ၊ အခြားသက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဆရာတော် ဘဒ္ဒ န္တ ဝံသပါလာလင်္ကာရ က အဖွင့်အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ မှ မျက်စိကုသရေး အဖွဲ့ က ယခုလို မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိ ကုသရန် လိုအပ်နေသူများကို အလင်းပြန်ရရန် လာရောက် ကူညီကုသပေးသည့် အတွက် အထူး ဝမ်းမြောက်ဝမ်းသာ ပြီး ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

မစ္စတာ ကျိုးကျားရှင်း ကလည်း“မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု ကြောင့် မြန်မာ နိုင်ငံ ပြည်သူလူထု တစ်ရပ်လုံး ကို အကျိုးဖြစ်ထွန်းစေလိုကြောင်း ပြောကြား ခဲ့သည်။

အိုက်အယ်မျက်စိဆေးရုံ မျက်စိအတွင်းတိမ် ကုသရေးကြီးကြပ်ရေးမှူး မစ္စတာ ကျောက်မုချွမ်း က ရှင်းလင်းပြောကြားရာတွင် “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု သည် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က မဲခေါင်ဒေသ ပူပေါင်းဆောင်ရွက်ရေး ထိပ်သီး အစည်းအဝေး တွင် အဆိုပြုခဲ့သည့် အရေးကြီး စီမံကိန်း တစ်ခု ဖြစ်ကြောင်း ၊ ယင်းစီမံကိန်း ၌ မြန်မာ နိုင်ငံ အတွင်း အလင်းရောင် လှုပ်ရှားမှု သည်လည်း အရေးပါသည့် ဆောင်ရွက်မှု တစ်ခု ဖြစ်ခဲ့ကြောင်း ၊ အိုင်အယ်မျက်စိဆေးရုံ သည် တရုတ် နိုင်ငံ ၏ အကြီးဆုံးသော မျက်စိ ဆေးရုံ တစ်ခု အနေဖြင့် မြန်မာ နိုင်ငံ အတွင်းရှိ အလင်းရောင် ခရီးစဉ် လှုပ်ရှားမှု ကို လွန်စွာ အလေးထားကြောင်း ၊ ကူညီဆောင်ရွက်မှု များမှတစ်ဆင့် မြန်မာ နိုင်ငံ အတွင်းရှိ ဆင်းရဲနွမ်းပါးသော မျက်စိဝေဒနာရှင်များကို မျှော်လင့်ချက် အလင်းရောင်များ ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

ယခုအကြိမ်ဆောင်ရွက်ခဲ့သည့် “မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ်” လှုပ်ရှားမှု ကို တရုတ် နိုင်ငံ အများပြည်သူ ပြည်ပဆက်ဆံရေး အသင်း ၊ တရုတ် နိုင်ငံ ပရဟိတပူးပေါင်းဆောင်ရွက်ရေးအသင်း နှင့် ယူနန်ပြည်နယ် အမိမြေပြန်လည်ရောက်ရှိ တရုတ်လူမျိုးများအသင်း တို့က အဓိက ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.