Connect with us

Videos

မြန်မာနိုင်ငံ ကိုယ်စားပြု အောင်လအန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေက အီဂျစ် နိုင်ငံသား မိုဟာမက်အလီ ကို ပထမအချီ ၂ မိနစ်ကျော် အတွင်းအနိုင်ရရှိခဲ့

ရန်ကုန် ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲဖြစ်သည့် UNION OF WARRIORS ပြိုင်ပွဲတွင် အဓိက ထင်ရှားသည့် မစ်ဒယ်ဝိတ် ပွဲစဉ်အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု တိုင်းရင်းသား အောင်လ အန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ သည် အီဂျစ် နိုင်ငံသား မိုဟာမက် အလီအား မတ်လ ၁၈ ရက်တွင် ပထမအချီ အတွင်း ပွဲချိန် ၂ မိနစ်ကျော်တွင် ယှဉ်ပြိုင်၍ အနိုင် ရရှိခဲ့ကြောင်း သိရသည်။

ONE Championship အဖွဲ့ကဦးစီး၍ ရန်ကုန်မြို့၌ ကျင်းပသည့် UNION OF WARRIORS MMA ပြိုင်ပွဲအား မတ် ၁၈ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏ အားကစားကွင်း၌ ပြုလုပ်ခဲ့ပြီး အဓိက ထင်ရှားသည့် ပွဲစဉ်အဖြစ် ကချင်တိုင်းရင်းသား အောင်လ အန်ဆိုင်း နှင့် အီဂျစ် နိုင်ငံသား မိုဟာမက် အလီ တို့၏ မစ်ဒယ်ဝိတ် တွဲဆိုင်း အပါအဝင် ပြည်တွင်း တွဲဆိုင်း နှင့် ပြည်ပတွဲဆိုင်း စုစုပေါင်း ပွဲစဉ် ၁၀ ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် အောင်လအန်ဆိုင်း(ခ) မြန်မာစပါးကြီးမြွေက အားလုံးကို ကျေးဇူးတင်ကြောင်း ၊ နောင်လည်း ဆက်လက် အားပေးကြပါရန် ပြောကြားခဲ့သည်။ ယခု ကျင်းပပြုလုပ်သည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ သည် မြန်မာနိုင်ငံ၌ ဒုတိယ အကြိမ်မြောက် ပြုလုပ်သော ပွဲစဉ် တစ်ခု ဖြစ်ပြီး ပထမအကြိမ် MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲအား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.