Connect with us

Videos

Earth Hour နေ့အထိမ်းအမှတ် ကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပခဲ့

ဆစ်ဒနီ မတ် ၂ဝ ရက် (ဆင်ဟွာ)

မတ်လ (၁၉) ရက် စနေနေ့ ည ၈ နာရီခွဲ မှ ၉ နာရီခွဲအချိန် တွင် Earth Hour အဖြစ်သတ်မှတ် ခဲ့ကြသည်။ earth hour အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်း တွင် စနေနေ့ ည ၈ နာရီခွဲ မှ ၉ နာရီခွဲအချိန်၌ လျှပ်စစ်မီးများပိတ်ထားခဲ့ကြသည်။ Earth Hour လှုပ်ရှားမှု ကို World Wide Fund for Nature အဖွဲ့မှ ဦးဆောင် ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိပြီး တစ်ဦးတစ်ယောက်ခြင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော် လည်းကောင်း၊ အိမ်ထောင်စုတိုင်းသော်လည်းကောင်း ည ၈နာရီခွဲမှ ၉ နာရီခွဲအချိန်အထိ တစ်နာရီတိတိ လျှပ်စစ်မီးများငြိမ်းသတ်ကာ အထိမ်းအမှတ်ပြုလုပ်ခဲ့သည်။

ကမ္ဘာတစ်ဝန်း နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အချိန် ကွာဟချက်ကြောင့် earth hour ကို မိမိနိုင်ငံ၏ စံတော်ချိန်ဖြင့်သာ အထိမ်းအမှတ်ပြုလုပ်ကြသည်။

ထိုသို့အထိမ်းအမှတ်ပြုရာတွင် ရုရှားနိုင်ငံ မော်စကို ရင်ပြင်နီ ၌ လည်း နှစ်စဉ် ကျင်းပမြဲ earth hour ကို အထိမ်းအမှတ်ပြု ကျင်းပခဲ့သည်။ ယခုနှစ်တွင် earth hour အထိမ်းအမှတ်နေ့၌ ဒူဘိုင်းမှ ရုရှားသို့ ထွက်ခွါလာသော လေယာဉ် မတော်တဆ မှုကြောင့် သေဆုံးခဲ့ရသူများအတွက်ပါဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ငြိမ်သက်နေခဲ့ကြသည်။

စင်ကာပူနိုင်ငံရှိ မရီနာဘေတွင်လည်း earth hour အထိမ်းအမှတ်ကို ရာသီဥတု ပြောင်းလဲမှု အား သတိပြုရန် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအနေဖြင့် ကျင်းပခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.